အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(Home)
  • ဌာနအကြောင်း
    • ဌာနသမိုင်းကြောင်း
    • လုပ်ငန်းတာဝန်များ
    • အသုံးချဥပဒေများ
  • ဝန်ဆောင်မှုကဏ္ဍ
    • မြေယာစီမံခန့်ခွဲရေး
    • ယစ်မျိုးစီမံခန့်ခွဲရေး
    • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
    • ဒေသဆိုင်ရာအချက်အလက်
    • AML/CFT
  • သတင်းမီဒီယာ
    • သတင်းများ
    • ထုတ်ပြန်ကြေညာချက်များ
    • ပြည်ထဲရေးသတင်းလွှာ
    • ဝန်ကြီးဌာန Website များ
  • ဆက်သွယ်ရန်
  • Admin
    • Log In

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသတင်းများ

၂၀၂၄-၂၀၂၅ ပညာသင်နှစ် မူဆယ်မြို့၊ အထက(မန့်ဝိန်း) နှင့် မူလွန်(စွမ်စော်)ကျောင်းများ တွင် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ

၂၄-၅-၂၀၂၄

ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်လင်း (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ (၂၄-၅-၂၀၂၄)ရက်နေ့၊ (၀၉၀၀) အချိန်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မူဆယ်မြို့၊ အထက(မန့်ဝိန်း)နှင့် မူလွန်(စွမ်စော်)ကျောင်းများတွင် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပနေမှုအခြေအနေ အား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

“ကျောင်းနေအရွယ်ကလေးများအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ် စိုက်ထူခြင်းအခမ်းအနားကျင်းပ

၂၃-၅-၂၀၂၄

ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ အ.ထ.က(၂) အခြေခံပညာအထက်တန်းကျောင်း၌ (၂၃-၅-၂၀၂၄)ရက်၊ (၀၉၀၀)အချိန်တွင် “ကျောင်းနေအရွယ်ကလေးများအားလုံး အခြေခံပညာ သင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်း (မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်သက်ဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ် ပညာရေးမှူးနှင့် ဆရာ/ ဆရာမများတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

၂၃-၅-၂၀၂၄

ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်း ကျောင်း၌ (၂၃-၅-၂၀၂၄)ရက်၊ (၀၉၀၀)အချိန်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်(မြို့နယ်အုပ်ချုပ်ရေးမှူး)က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့မိ/ ဖများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသားမိဘများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ စုစုပေါင်းအင်အား (၁၅၀)ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်များအား ညွှန်ကြားချက်နှင့်အညီရောင်းချစေရေး ကြပ်မတ် ဆောင်ရွက်

၂၃-၅-၂၀၂၄

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ (၂၃-၅-၂၀၂၄)ရက်၊ (၁၀၀၀)အချိန်တွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင် (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များတွင် စက်သုံးဆီလာရောက်ဖြည့်တင်းသော ဆိုင်ကယ်/ မော်တော်ယာဉ် များကိုသာ ရောင်းချစေရေးနှင့် ပုံးခွံအမျိုးမျိုး အသုံးပြု၍ဝယ်ယူပါက ရောင်းချမှုမရှိစေရေး အထူးအလေးထားစစ်ဆေးကြပ်မတ်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ စက်သုံးဆီ ပိုင်ရှင်များအား ခေါ်ယူချပြရှင်းလင်းပြီး သိရှိကြောင်းလက်မှတ်ရေးထိုးခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။

ကျပ်သန်း(၂၀၀)အောက် လမ်းတံတားသုံးပစ္စည်းများ အိတ်ဖွင့်တင်ဒါရွေးချယ်ပွဲကျင်းပ

၂၁-၅-၂၀၂၄

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်လမ်းဦးစီးဌာန၌ (၂၁-၅-၂၀၂၄)ရက်၊ (၁၀၀၀)အချိန်တွင် ခရိုင်အတွင်း လမ်းအထူးအဖွဲ့/ မြို့နယ်နှင့်မြို့များ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု/ ပြည်နယ်ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ကျပ်သန်း(၂၀၀)အောက် လမ်းတံတားသုံး ပစ္စည်းများ အိတ်ဖွင့်တင်ဒါရွေးချယ်ပွဲကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင် (ခရိုင်အုပ်ချုပ်ရေးမှူး)၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင် အဆင့်သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ စုစုပေါင်းအင်အား (၂၅)ဦး တို့တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်ပွဲကျင်းပ

၂၀-၅-၂၀၂၄

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ မွေတော်ရပ်ကွက်ရှိ နမ့်ယွန်းခန်းမ၌ (၂၀-၅-၂၀၂၄)ရက်၊ (၁၀၀၀)အချိန်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်စက်ချုပ် သင်တန်းဖွင့်ပွဲကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသက်နိုင်(မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများမှ အကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ စုစုပေါင်း အင်အား (၈၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက သင်တန်းသူ(၂၄)ဦးတို့အား သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ရွှေထီးတော်၊ စိန်ဖူးတော်တင်လှူပူဇော်ခြင်းအထိမ်းအမှတ် မုဒ်ဦးဖွင့်ပွဲအခမ်းအနားကျင်းပ

၂၀-၅-၂၀၂၄

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ အရှေ့ကျေးရွာအုပ်စု၊ ဟိုဖိုင်ကျေးရွာ၊ ကုန်းပင်းဘုန်းတော်ကြီးကျောင်းတိုက်၌ (၂၀-၅-၂၀၂၄)ရက်၊ (၀၈၀၀)အချိန်တွင် ကောင်းမူး ငင်းလုံ မဟာဗောဓိဗုဒ္ဓဂယာစေတီတော်နှင့် ဂုဏပီယဓာတုစေတီတော် ရွှေထီးတော်၊ စိန်ဖူးတော် တင်လှူပူဇော်ခြင်းအထိမ်းအမှတ် မုဒ်ဦးဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဩဝါဒနှင့်အဖွဲ့ဝင်များ၊ ဆရာတော်၊ သံဃာတော်ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဇော်မြင့် (မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ အကြီးအကဲများ၊ ပွဲကျင်းပရေး ဗဟိုကော်မတီနှင့် အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် အလှူရှင်များ စုစုပေါင်းအင်အား (၆၀၀)ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကျင်းပ

၁၇-၅-၂၀၂၄

ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အမှတ်(၅)ရပ်ကွက်၊ နားဆည်ဘုန်းကြီး ကျောင်းဝင်းအတွင်း၌ (၁၇-၅-၂၀၂၄)ရက်၊ (၀၈၀၀)အချိန်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်းအင်အား (၁၅၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ကျွန်း(၁၅၀)ပင်၊ မဲဇလီ(၁၀၀)ပင်၊ စိန်ပန်းပြာ (၁၀၀)ပင်၊ စိန်ပန်းနီ(၁၀၀)ပင်နှင့် မန်ဂျန်ရှား(၁၅၀)ပင် စုစုပေါင်း (၆၀၀)ပင်စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိပါသည်။

ပေါ်ဆန်းရင်(RS)မျိုးစေ့ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကျင်းပ

၁၇-၅-၂၀၂၄

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ (၁၇-၅-၂၀၂၄)ရက်၊ (၁၀၃၀)အချိန်တွင် ၂၀၂၄ ခုနှစ်၊ မိုးစပါးရာသီ ပေါ်ဆန်းရင်စီးပွားဖြစ်မျိုးသန့်ဧက (၅၀) ထုတ်လုပ်ရေးအတွက် အကျိုးဆောင်တောင်သူများအား ပေါ်ဆန်းရင်(RS)မျိုးစေ့ ထောက်ပံ့ ပေးအပ်ခြင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်(ခရိုင်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ဒေသခံ တောင်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။


Prev 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 Next

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)

  • ရုံးအမှတ်(၁၀)၊
  • ဇေယျဌာနီလမ်း၊ နေပြည်တော်
  • ဖုန်း-067 3 412793
  • Total visitors - 72192

ဌာနအကြောင်း

  • ဌာနသမိုင်းကြောင်း
  • လုပ်ငန်းတာဝန်များ
  • အသုံးချဥပဒေများ

ဝန်ဆောင်မှုကဏ္ဍ

  • မြေယာစီမံခန့်ခွဲရေး
  • ယစ်မျိုးစီမံခန့်ခွဲရေး
  • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
  • ဒေသဆိုင်ရာအချက်အလက်

မီဒီယာ

  • သတင်းများ
  • ထုတ်ပြန်ကြေညာချက်များ
  • ပြည်ထဲရေးသတင်းလွှာ
  • ဝန်ကြီးဌာန Website များ
Copyright © 2022 GENERAL ADMINISTRATION DEPARTMENT, MYANMAR