ကျပ်သန်း(၂၀၀)အောက် လမ်းတံတားသုံးပစ္စည်းများ အိတ်ဖွင့်တင်ဒါရွေးချယ်ပွဲကျင်းပ

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်လမ်းဦးစီးဌာန၌ (၂၁-၅-၂၀၂၄)ရက်၊ (၁၀၀၀)အချိန်တွင် ခရိုင်အတွင်း လမ်းအထူးအဖွဲ့/ မြို့နယ်နှင့်မြို့များ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု/ ပြည်နယ်ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ကျပ်သန်း(၂၀၀)အောက် လမ်းတံတားသုံး ပစ္စည်းများ အိတ်ဖွင့်တင်ဒါရွေးချယ်ပွဲကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင် (ခရိုင်အုပ်ချုပ်ရေးမှူး)၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင် အဆင့်သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ စုစုပေါင်းအင်အား (၂၅)ဦး တို့တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။