အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(Home)
  • ဌာနအကြောင်း
    • ဌာနသမိုင်းကြောင်း
    • လုပ်ငန်းတာဝန်များ
    • အသုံးချဥပဒေများ
  • ဝန်ဆောင်မှုကဏ္ဍ
    • မြေယာစီမံခန့်ခွဲရေး
    • ယစ်မျိုးစီမံခန့်ခွဲရေး
    • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
    • ဒေသဆိုင်ရာအချက်အလက်
    • AML/CFT
  • သတင်းမီဒီယာ
    • သတင်းများ
    • ထုတ်ပြန်ကြေညာချက်များ
    • ပြည်ထဲရေးသတင်းလွှာ
    • ဝန်ကြီးဌာန Website များ
  • ဆက်သွယ်ရန်
  • Admin
    • Log In

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေး ခန်းမ၌ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားစေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

၁၃-၁၁-၂၀၂၅

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားစေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဦး ဦးဆောင်၍ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီအဖွဲ့ဝင် များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ တောင်သူများနှင့်အတူ တက်ရောက်ခဲ့ပြီး ဒေသခံတောင်သူ များအား ဆီထွက်သီးနှံ နေကြာမျိုးစေ့၊ ပဲပုတ်မျိုးစေ့များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်စက်မှုဇုန်၊ သင်္ဃန်းကျွန်းကြီး ကျေးရွာအုပ်စုရှိ Yacheng Footwear Co.Ltd၏ ထိန်းချုပ်ဓာတုပစ္စည်းများ လက်ဝယ်ထားရှိ အသုံးပြုနိုင်ရေး သက်တမ်းတိုးလျှောက်ထားမှုအား ကွင်းဆင်းစစ်ဆေး

၁၃-၁၁-၂၀၂၅

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက် နေ့လယ် ၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်စက်မှုဇုန်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု ဇေကမ္ဘာ(၇)လမ်း၊အမှတ်(၈၇/၈၈) ရှိ Yacheng Footwear Co.Ltd တွင် ဖိနပ်ထုတ်လုပ်ရာ၌ လိုအပ်သော ထိန်းချုပ်ဓာတုပစ္စည်းများ လက်ဝယ်ထားရှိအသုံးပြုနိုင်ရေး သက်တမ်းတိုးလျှောက်ထားမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးကျော် ဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးမှူး၊ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး၊မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတို့မှတာဝန်ရှိသူများနှင့်အတူပူးပေါင်း၍ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၌ စက်သုံးဆီ ပြတ်လပ်မှုမရှိစေရေးနှင့် ရည်ညွှန်းဈေးနှုန်းများအတိုင်းရောင်းချမှုရှိ/ မရှိအား ကွင်းဆင်းစစ်ဆေး

၁၃-၁၁-၂၀၂၅

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်၍ စက်သုံးဆီပြတ်လပ်မှု မရှိစေရေးနှင့် ရည်ညွှန်းဈေးနှုန်းများအတိုင်းရောင်းချမှုရှိ/ မရှိအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင် ဦးဆောင်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ကရင်ပြည်နယ်၊ ဘားအံခရိုင် ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ လူငယ်စင်တာ၌ ကျင်းပပြုလုပ်သော BAJAJသုံးဘီးနည်းပညာဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းသင်တန်းဆင်းပွဲ အခမ်းအနားသို့တက်ရောက်

၁၃-၁၁-၂၀၂၅

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် ကရင်ပြည်နယ်၊ ဘားအံခရိုင် ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ လူငယ်စင်တာ၌ ကျင်းပပြုလုပ်သော ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် Precision Auto Engineering Co,Ltd မှ ဖွင့်လှစ်သည့် BAJAJ သုံးဘီး နည်းပညာဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်း သင်တန်းဆင်းပွဲအခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမင်းရွှေ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ခုံဇင်ကုန်းကျေးရွာရှိ တောင်သူ ဦးမြင့်သန်း၏ လယ်မြေ ၃ ဧကတွင် နယူးဧရာ - 11 မျိုးစပါးစံကွက်ရိတ်သိမ်းနေမှုအား ကွင်းဆင်း စစ်ဆေး

၁၂-၁၁-၂၀၂၅

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက် နံနက် ၉ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ခုံဇင်ကုန်းကျေးရွာရှိ တောင်သူ ဦးမြင့်သန်း၏ လယ်မြေ ၃ ဧကတွင် နယူးဧရာ - 11 မျိုးစပါးစံကွက်ရိတ်သိမ်းနေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရည်မွန် ဦးဆောင်၍ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် များ၊သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပြီး ဒေသခံတောင်သူများအား နေကြာ မျိုးစေ့နှင့် ပဲပုတ်မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပ ပြုလုပ်သည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

၁၂-၁၁-၂၀၂၅

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် စာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ကျောင်းသား /ကျောင်းသူများနှင့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ စုစုပေါင်းအင်အား ၅၀၀ ဦးခန့် တက်ရောက်ခဲ့ ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့၊ မြို့နယ်မီးသတ်ဦးစီးဌာန၌ ကျင်းပပြုလုပ်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းအမှတ်စဉ်(၁/၂၀၂၅)ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

၁၂-၁၁-၂၀၂၅

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက် နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့၊ မြို့နယ်မီးသတ်ဦးစီးဌာန၌ ကျင်းပပြုလုပ်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၅)ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ ခရိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန် ရှိသူများ၊ သင်တန်းသားများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ ဈေးတန်းရပ်ကွက်နှင့် ရွာမကြီးအရှေ့ရပ်ကွက်များ၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး ကြီးကြပ်စစ်ဆေး

၁၂-၁၁-၂၀၂၅

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက် နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေး မြို့နယ်၊ ဈေးတန်းရပ်ကွက်နှင့် ရွာမကြီးအရှေ့ရပ်ကွက်များ၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး စိစစ်ရေး အဖွဲ့များမှ မဲဆန္ဒရှင်စာရင်းများ စိစစ်နေမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် ဦးဆောင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ နိုင်ငံရေးပါတီများနှင့်အတူ ကြီးကြပ်စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ စက်သစ်ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်း၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုံခြုံရေး ဇာတ်တိုက်လေ့ကျင့်နေမှုအား ကြည့်ရှုစစ်ဆေး

၁၂-၁၁-၂၀၂၅

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ စက်သစ်ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်း၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် များ၊ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ စုစုပေါင်းအင်အား ၆၅၀ ဦးဖြင့် လုံခြုံရေးဇာတ်တိုက်လေ့ကျင့်နေမှုအား မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးလွင် ဦးဆောင်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များနှင့်အတူ လိုက်လံကြည့်ရှု၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 Next

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)

  • ရုံးအမှတ်(၁၀)၊
  • ဇေယျဌာနီလမ်း၊ နေပြည်တော်
  • ဖုန်း-067 3 412793
  • Total visitors - 77115

ဌာနအကြောင်း

  • ဌာနသမိုင်းကြောင်း
  • လုပ်ငန်းတာဝန်များ
  • အသုံးချဥပဒေများ

ဝန်ဆောင်မှုကဏ္ဍ

  • မြေယာစီမံခန့်ခွဲရေး
  • ယစ်မျိုးစီမံခန့်ခွဲရေး
  • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
  • ဒေသဆိုင်ရာအချက်အလက်

မီဒီယာ

  • သတင်းများ
  • ထုတ်ပြန်ကြေညာချက်များ
  • ပြည်ထဲရေးသတင်းလွှာ
  • ဝန်ကြီးဌာန Website များ
Copyright © 2022 GENERAL ADMINISTRATION DEPARTMENT, MYANMAR