အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရည်မှန်းချက်၊ မူဝါဒနှင့် လုပ်ငန်းတာဝန်များ

ရည်မှန်းချက်

၁။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ပြည်ထဲရေးဝန်ကြီးဌာနကို တာဝန်ခံ၍ အောက်ပါ ရည်မှန်းချက်တာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်-

  • (က) တရားဥပဒေစိုးမိုးရေး၊
  • ( ခ) ရပ်ရွာအေးချမ်းသာယာရေး၊
  • ( ဂ) ဒေသဖွံ့ဖြိုးရေး၊
  • (ဃ) ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး။

မူဝါဒ

၂။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအားလုံးသည် အောက်ပါဆောင်ပုဒ်ကို မူဝါဒအဖြစ် လိုက်နာကျင့်သုံးဆောင်ရွက်လျက်ပါသည်-

  • (က) နိုင်ငံတော်မူဝါဒ လိုက်နာရေး (Policy)၊
  • (ခ) အခြေခံသဘောတရားနှင့် ကိုက်ညီရေး (Principle)၊
  • (ဂ) လုပ်ထုံးလုပ်နည်းနှင့်အညီဖြစ်စေရေး (Procedure)။

ပင်မလုပ်ငန်းတာဝန်များ

၃။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ပင်မလုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

  • (က) မြေယာစီမံခန့်ခွဲခြင်းလုပ်ငန်း၊
  • (ခ) ယစ်မျိုးစီမံခန့်ခွဲခြင်းလုပ်ငန်း၊
  • (ဂ) အခွန်(၄)မျိုးကောက်ခံခြင်းလုပ်ငန်း၊
  • (ဃ) မြို့နှင့်ကျေးရွာများ စနစ်တကျဖွဲ့စည်းရေးလုပ်ငန်း၊
  • (င) ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း၊
  • (စ) အသင်းအဖွဲ့များ ဥပဒေနှင့်အညီ မှတ်ပုံတင်ခွင့်ပြုရေးလုပ်ငန်း၊
  • (ဆ) ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းလုပ်ငန်း၊
  • (ဇ) မရွှေ့မပြောင်းနိုင်သောပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေဆိုင်ရာလုပ်ငန်း။