သတင်းအမှန်ထုတ်ပြန်ချက်
၅-၁၁-၂၀၂၅ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ နတ်မှော်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်သည် စစ်မှုထမ်းလူစားထိုးတက်ရောက်လျှင် ငွေကျပ် ၈၅ သိန်း ပေးမည်ဟုဆိုကာ စစ်မှုထမ်းသင်တန်းသို့ စေလွှတ်သည့်ကိစ္စနှင့် ပတ်သက်၍ ပြည်သူစစ်မှု ထမ်းအပတ်စဉ် (၁၁) တွင် သင်တန်းတက်ရောက်နေသော ထက်မြတ်အောင် (ခေါ်) မောင်အောင်စိုက်သည် ၎င်း၏ သဘောဆန္ဒအရ စစ်မှုထမ်းခဲ့ခြင်းသာ ဖြစ်ပြီး ငွေကြေး တစ်စုံတစ်ရာ ထောက်ပံ့ခဲ့ခြင်းကြောင့် စစ်မှုထမ်းခဲ့ခြင်းမဟုတ်ကြောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှာလည်း ကျေးရွာအတွင်း ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခဲ့ခြင်းလည်း မရှိခြင်းကြောင့် ခေတ်သစ်မီဒီယာ Online သတင်းတွင်ပါရှိသည့် အချက်အလက်များမှာ မှန်ကန်မှုမရှိကြောင်း၊ ခေတ်သစ်မီဒီယာ Online သတင်းတွင်ပါရှိသည့် အကြောင်းအရာ များနှင့်ပတ်သက်၍ ထက်မြတ်အောင်(ခေါ်)မောင်အောင်စိုက်၏ ဖခင်ဖြစ်သူ ဦးအောင်ဆန်းဦး မှာလည်း Online သတင်းတင်ခဲ့မှုမရှိကြောင်း စိစစ်တွေ့ရှိရသဖြင့် အဆိုပါ Online သတင်းပါရှိမှုနှင့် ပတ်သက်၍ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား ကျေးရွာနေပြည်သူများ အထက်အမြင်လွဲမှားစေသော ရည်ရွယ်ချက်ဖြင့် ပုဂ္ဂိုလ်ရေးအရ အမြင်မကြည်လင်သူတစ်ဦးမှ တင်ပြခဲ့ခြင်းသာ ဖြစ်ပါကြောင်း ထုတ်ပြန်အပ်ပါသည်။
အသေးစိတ်အချက်အလက်များဖတ်ရှုရန်...