ကရင်ပြည်နယ်၊ ဘားအံခရိုင် ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ လူငယ်စင်တာ၌ ကျင်းပပြုလုပ်သော BAJAJသုံးဘီးနည်းပညာဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းသင်တန်းဆင်းပွဲ အခမ်းအနားသို့တက်ရောက်

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် ကရင်ပြည်နယ်၊ ဘားအံခရိုင် ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ လူငယ်စင်တာ၌ ကျင်းပပြုလုပ်သော ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် Precision Auto Engineering Co,Ltd မှ ဖွင့်လှစ်သည့် BAJAJ သုံးဘီး နည်းပညာဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်း သင်တန်းဆင်းပွဲအခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမင်းရွှေ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။