ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့၊ မြို့နယ်မီးသတ်ဦးစီးဌာန၌ ကျင်းပပြုလုပ်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းအမှတ်စဉ်(၁/၂၀၂၅)ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက် နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့၊ မြို့နယ်မီးသတ်ဦးစီးဌာန၌ ကျင်းပပြုလုပ်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၅)ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ ခရိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန် ရှိသူများ၊ သင်တန်းသားများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။