
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက် နံနက် ၉ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ခုံဇင်ကုန်းကျေးရွာရှိ တောင်သူ ဦးမြင့်သန်း၏ လယ်မြေ ၃ ဧကတွင် နယူးဧရာ - 11 မျိုးစပါးစံကွက်ရိတ်သိမ်းနေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရည်မွန် ဦးဆောင်၍ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် များ၊သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပြီး ဒေသခံတောင်သူများအား နေကြာ မျိုးစေ့နှင့် ပဲပုတ်မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။