
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက် နေ့လယ် ၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်စက်မှုဇုန်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု ဇေကမ္ဘာ(၇)လမ်း၊အမှတ်(၈၇/၈၈) ရှိ Yacheng Footwear Co.Ltd တွင် ဖိနပ်ထုတ်လုပ်ရာ၌ လိုအပ်သော ထိန်းချုပ်ဓာတုပစ္စည်းများ လက်ဝယ်ထားရှိအသုံးပြုနိုင်ရေး သက်တမ်းတိုးလျှောက်ထားမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးကျော် ဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးမှူး၊ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး၊မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတို့မှတာဝန်ရှိသူများနှင့်အတူပူးပေါင်း၍ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။