အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(Home)
  • ဌာနအကြောင်း
    • ဌာနသမိုင်းကြောင်း
    • လုပ်ငန်းတာဝန်များ
    • အသုံးချဥပဒေများ
  • ဝန်ဆောင်မှုကဏ္ဍ
    • မြေယာစီမံခန့်ခွဲရေး
    • ယစ်မျိုးစီမံခန့်ခွဲရေး
    • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
    • ဒေသဆိုင်ရာအချက်အလက်
    • AML/CFT
  • သတင်းမီဒီယာ
    • သတင်းများ
    • ထုတ်ပြန်ကြေညာချက်များ
    • ပြည်ထဲရေးသတင်းလွှာ
    • ဝန်ကြီးဌာန Website များ
  • ဆက်သွယ်ရန်
  • Admin
    • Log In

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်နေ မဲဆန္ဒရှင် ပြည်သူများအား (MEVM)မဲပေးစက်ကိုင်တွယ်အသုံးပြုခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းအခမ်းအနား ကျင်းပပြုလုပ်

၄-၉-၂၀၂၅

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်၊ ခေမာသီဝံဘုန်းကြီးကျောင်းတိုက် တွင် ရပ်ကွက်နေမဲဆန္ဒရှင်ပြည်သူများအား (MEVM)မဲပေးစက်ကိုင်တွယ်အသုံးပြုခြင်းနှင့် လက်တွေ့ စမ်းသပ် မဲပေးခြင်းဆိုင်ရာအသိပညာ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြသိန်းထွန်းနှင့် အဖွဲ့ဝင်များ ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့ အမှတ်(၅)ရပ်ကွက်ရှိ ဒေသခံပြည်သူများအား (MEVM) ကိုင်တွယ်အသုံးပြုနည်းဆိုင်ရာအသိပညာပေးခြင်းနှင့် လုပ်ငန်းစဉ်များအား ချပြရှင်းလင်း

၂-၉-၂၀၂၅

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်၊ နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၊ အမှတ်(၅) ရပ်ကွက်ရှိဒေသခံပြည်သူများအား ဆုဖူးမားဘုန်းတော်ကြီးကျောင်း၌ ကျင်းပ ပြုလုပ်သော (MEVM) ကိုင်တွယ်အသုံးပြုနည်း၊ လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းနှင့် မဲရလဒ် များထုတ်ပြန်ခြင်း ဆိုင်ရာလုပ်ငန်းစဉ်များအား အသိပညာပေးခြင်းအခမ်းအနားသို့ ပြည်နယ် အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးတင်လင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာန တာဝန် ရှိသူများနှင့်အတူ ကြည့်ရှုအားပေး ခဲ့ကြောင်း သတင်းရရှိပါသည်၊၊

ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် လေဆိပ်ဓာတ်အားလိုင်း ထိခိုက် ပျက်စီးမှုအား ပြန်လည်ပြုပြင်နိုင်ရေး ကွင်းဆင်းစစ်ဆေး

၂-၉-၂၀၂၅

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက် နံနက် ၁၀ နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။ ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ၃၃ ကေဗွီဓာတ်အားခွဲရုံ (၂) မှ ဓာတ်အားဖြန့်ဖြူးပေးထားသော ၁၁ ကေဗွီ လေဆိပ်ဓာတ်အားလိုင်းသည် လားရှိုးလေဆိပ်အနီးမှ အမှတ်(၆၂၆)ထောက်ပံ့နှင့် ပို့ဆောင်ရေး တပ်ရင်းအထိ ၂ မိုင်ခန့် ပျက်စီးခဲ့ သဖြင့် ထိခိုက်ပျက်စီးမှုအား ပြန်လည်ပြုပြင်ခြင်း (SAC- 120 mm²) ဆောင်ရွက်နိုင်ရန် အတွက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်း ဦးဆောင်၍ ဒုတိယပြည်နယ်/ တွဲဘက်ပြည်နယ်အဆင့်စိစစ်ရေးအဖွဲ့ဝင်များနှင့်အတူ သွားရောက် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်၊ ပုညဝဎုနကာရီ ဓမ္မာရုံတွင် MEVM မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပပြုလုပ်

၂-၉-၂၀၂၅

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်၊ ပုညဝဎုနကာရီဓမ္မာရုံတွင် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများမှ မဲဆန္ဒရှင်ပြည်သူများအား MEVM မဲပေးစက် ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးထက်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းထွန်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများမှ လက်တွေ့ပူးပေါင်းပါဝင်၍ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေး အသင်းပိုင် မူကြိုကျောင်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

၂၉-၈-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်ရှိ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ် ရေးအသင်းပိုင် မူကြိုကျောင်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းကို ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင် များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အသင်းအဖွဲ့ဝင်များနှင့်အတူ တက်ရောက်ခဲ့ ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ ဥယျာဉ်ရပ်ကွက်ရှိ အ.ထ.က(မိုးနဲ)တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်

၂၉-၈-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ ဥယျာဉ်ရပ်ကွက်ရှိ အ.ထ.က(မိုးနဲ)တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့် နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသားမိဘနှင့် ကျောင်းသားကျောင်းသူများ စုစုပေါင်းအင်အား ၂၀၀ ဦးခန့် တက်ရောက်ခဲ့ပြီး Grade- 9 လူရည်ချွန်ဆုနှင့် ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်တန်းဆုရ ကျောင်းသား/ကျောင်းသူများ၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အတန်းစဉ်ဆုရ ကျောင်းသား/ ကျောင်းသူများအား ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ကုန်းလမ်းရပ်ကွက်ရှိ အ.ထ.က(မောက်မယ်)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ထူးချွန်ကျောင်းသား/ကျောင်းသူများဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

၂၉-၈-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ကုန်းလမ်းရပ်ကွက်ရှိ မောက်မယ်အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပ ပြုလုပ်သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ထူးချွန်ကျောင်းသား/ကျောင်းသူများဆုချီးမြှင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ ဆရာ/ဆရာမများ၊ ဆုရကျောင်းသား/ ကျောင်းသူများနှင့် ကျောင်းသားမိဘများ စုစုပေါင်း ၁၅၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ပြည်သူ့ဆေးရုံ၌ ကိုယ်ဝန်ဆောင်မိခင်နှင့် ၅ နှစ်အောက် ကလေးများအား အာဟာရထောက်ပံ့ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်

၂၈-၈-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက် နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ လွယ်ပြေရပ်ကွက်အတွင်းရှိ မြို့နယ်ပြည်သူ့ဆေးရုံ၌ ကိုယ်ဝန်ဆောင်မိခင်နှင့် ၅ နှစ်အောက်ကလေး များအား အာဟာရထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ စုစုပေါင်းအင်အား ၅၀ ဦးတို့နှင့်အတူ တက်ရောက်ခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်နှင့် ၅ နှစ်အောက်ကလေးများအား အာဟာရထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ (MEVM) မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပပြုလုပ်

၂၈-၈-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ တောင်ကြီးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ (MEVM) မဲပေးစက်ကိုင်တွယ် အသုံးပြုနည်းဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ ပြည်နယ်၊ခရိုင်၊မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ကျောင်းသား/သူများ စုစုပေါင်း အင်အား ၆၀၀ ဦးခန့်နှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။


Prev 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 Next

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)

  • ရုံးအမှတ်(၁၀)၊
  • ဇေယျဌာနီလမ်း၊ နေပြည်တော်
  • ဖုန်း-067 3 412793
  • Total visitors - 67903

ဌာနအကြောင်း

  • ဌာနသမိုင်းကြောင်း
  • လုပ်ငန်းတာဝန်များ
  • အသုံးချဥပဒေများ

ဝန်ဆောင်မှုကဏ္ဍ

  • မြေယာစီမံခန့်ခွဲရေး
  • ယစ်မျိုးစီမံခန့်ခွဲရေး
  • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
  • ဒေသဆိုင်ရာအချက်အလက်

မီဒီယာ

  • သတင်းများ
  • ထုတ်ပြန်ကြေညာချက်များ
  • ပြည်ထဲရေးသတင်းလွှာ
  • ဝန်ကြီးဌာန Website များ
Copyright © 2022 GENERAL ADMINISTRATION DEPARTMENT, MYANMAR