အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(Home)
  • ဌာနအကြောင်း
    • ဌာနသမိုင်းကြောင်း
    • လုပ်ငန်းတာဝန်များ
    • အသုံးချဥပဒေများ
  • ဝန်ဆောင်မှုကဏ္ဍ
    • မြေယာစီမံခန့်ခွဲရေး
    • ယစ်မျိုးစီမံခန့်ခွဲရေး
    • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
    • ဒေသဆိုင်ရာအချက်အလက်
    • AML/CFT
  • သတင်းမီဒီယာ
    • သတင်းများ
    • ထုတ်ပြန်ကြေညာချက်များ
    • ပြည်ထဲရေးသတင်းလွှာ
    • ဝန်ကြီးဌာန Website များ
  • ဆက်သွယ်ရန်
  • Admin
    • Log In

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသတင်းများ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ မြို့သစ်ရပ်ကွက်၊ မြို့သစ်ဗလီ၌ ပါကစ္စတန်သံရုံးမှ ငလျင်ဘေးသင့်ခဲ့သည့် အစ္စလာမ်ဘာသာဝင်များအား ဆန်နှင့်ခေါက်ဆွဲခြောက်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်

၂၉-၇-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက် နံနက် ၉နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ မြို့သစ်ရပ်ကွက်ရှိ မြို့သစ်ဗလီ၌ ပါကစ္စတန်သံရုံးမှ ငလျင်ဘေးသင့်ခဲ့သည့် အစ္စလာမ် ဘာသာဝင်များအား ဆန်နှင့်ခေါက်ဆွဲခြောက်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ငလျင်ဘေးသင့် အစ္စလာမ်ဘာသာဝင်ပြည်သူများ၊ စုစုပေါင်းအင်အား (၁၂၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်၊မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်ရှိ ပင်စင်လာရောက်ထုတ်ယူကြသော နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)များကို Smart Card ပြုလုပ်ပေးနေမှုအား ကြည့်ရှုစစ်ဆေး

၂၈-၇-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်ခွဲ(၁)၌ ပင်စင်လာရောက်ထုတ်ယူကြသော နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)များအား ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ ကိုယ်ရေးအချက်အလက်(Biographic)၊ ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူခြင်းနှင့် Smart Cardများ ဆောင်ရွက်ပေးနေမှုအား ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းထွေးတို့မှ သွားရောက်ကြည့်ရှု စစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အတွင်း ပြည်နယ်ရန်ပုံငွေဖြင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ ကြည့်ရှုစစ်ဆေး

၂၉-၇-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက် နံနက် ၉နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက် နေသော ဓမ္မရိပ်သာဘုန်းကြီးကျောင်းလမ်း၊ ငြိမ်းချမ်းရေးအိမ်ရာဝင်းလမ်းနှင့် သုဿန်အဝင်လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်ရှိ အင်းစိန်မြို့နယ်လုံး ဆိုင်ရာ ပူးပေါင်းဆွမ်းလောင်းအသင်းကြီး (မိုဘိုင်းလ်)သို့ ဝါတွင်းကာလ သံဃာတော်များ ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရေးအတွက်လှူဒါန်း

၂၈-၇-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက် နေ့လယ် ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်ရှိ မြို့နယ်လုံးဆိုင်ရာ ပူးပေါင်းဆွမ်းလောင်းအသင်းကြီး (မိုဘိုင်းလ်)သို့ ဝါတွင်းကာလ သံဃာတော်များ ဆွမ်း၊ ကွမ်းအခက်အခဲမရှိစေရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ စုပေါင်း၍ ဆန်၂၄ ပြည်အိတ် ၁၀ အိတ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် မြန်မာအီလက်ထရောနစ်စနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြည့်ရှုစစ်ဆေး

၂၈-၇-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ မြန်မာအီလက်ထရောနစ်စနစ်မဲပေးစက် (MEVM)အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ တက်ရောက်ခဲ့ပြီး မဲပေးစက်လက်တွေ့စမ်းသပ် သရုပ်ပြဆောင်ရွက်နေမှု အခြေအနေ များအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်၊ သရက်ကန်(တောင်)ကျေးရွာအုပ်စု ရေနားကျောင်းတွင် ယာယီစစ်ဘေးတိမ်းရှောင်ပြည်သူများအား ထောက်ပံ့ပေးအပ်

၂၈-၇-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက် နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ ခရိုင်၊ မတ္တရာမြို့နယ်၊ သရက်ကန်(တောင်)ကျေးရွာအုပ်စု၊ ရေနားဘုန်းတော်ကြီးကျောင်း၌ ယာယီ စစ်ဘေးတိမ်းရှောင်ပြည်သူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ စားသောက်ဖွယ်ရာများ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်တွင် ရေဘေးသင့်ခဲ့သည် ခေါက်နွဲ့ကျေးရွာအုပ်စု၊ ခေါင်းနွဲ့ကျေးရွာ( ကမ္ဘောဇစံပြကျေးရွာ)ရှိ ရွာသူ/သားများအား တွေ့ဆုံ၍ အားပေးကူညီ

၂၈-၇-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက် နံနက် ၁၁နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်တွင် ရေဘေးသင့်ခဲ့သည့် ခေါက်နွဲ့ကျေးရွာအုပ်စု၊ ခေါင်းနွဲ့ကျေးရွာ(ကမ္ဘောဇစံပြ ကျေးရွာ)ရှိ ရွာသူ/သားများနှင့်တွေ့ဆုံဆွေးနွေးပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးကြည်မြင့် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ညှိနှိုင်းဆွေးနွေး၍ ခေါင်းနွဲ့ကျေးရွာနေရွာသူ/သားများအား ကျေးရွာဟောင်းမှ ယခုအသစ် ဆောက်လုပ်ပေးခဲ့သည့် ခေါင်းနွဲ့ကျေးရွာသစ်(ကမ္ဘောဇစံပြကျေးရွာ)သို့ ပြောင်းရွေ့နေထိုင်နိုင်ရေးအတွက် အားပေးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ညောင်ရွှေမြို့နယ် ၊ နန်းပန်မြို့ ၊ အမှတ်(၁)ရပ်ကွက်ရှိ စာသင်ကျောင်းနှင့် ဖောင်တော်ဦးဘုရားတွင် စုပေါင်းလုပ်အားပေးဆောင်ရွက်

၂၆-၇-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက် နံနက် ၈ နာရီတွင် ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ညောင်ရွှေမြို့နယ်၊ နန်းပန်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အမက(ကြာတော)ကျောင်း၌ စာသင်ကျောင်းရှေ့ရှိသစ်ပုံအား ဖယ်ရှား ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များ၊ ဗေဒါနှင့် ဒိုက်များရှင်းလင်းခြင်းနှင့် ဖောင်တော်ဦးဘုရားပြုပြင်ရာ၌ လုပ်အားပေးဆောင်ရွက်နေမှုအား မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်သူ ဦးဆောင်၍၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့များနှင့် ဒေသခံ ပြည်သူများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား ၁၈၀ ဦးခန့်ဖြင့် လုပ်အားပေးဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ လေပြင်းဘေးဒဏ်သင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်းစရိတ်ငွေထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်

၂၆-၇-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင်မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ဝါရီရူခန်းမ၌ လေပြင်းဘေးဒဏ်သင့် ပြည်သူ များအား ကယ်ဆယ်ရေးပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်းစရိတ်ငွေထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းထွေး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် လေပြင်းဘေးဒဏ်သင့်ပြည်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။


Prev 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 Next

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)

  • ရုံးအမှတ်(၁၀)၊
  • ဇေယျဌာနီလမ်း၊ နေပြည်တော်
  • ဖုန်း-067 3 412793
  • Total visitors - 72192

ဌာနအကြောင်း

  • ဌာနသမိုင်းကြောင်း
  • လုပ်ငန်းတာဝန်များ
  • အသုံးချဥပဒေများ

ဝန်ဆောင်မှုကဏ္ဍ

  • မြေယာစီမံခန့်ခွဲရေး
  • ယစ်မျိုးစီမံခန့်ခွဲရေး
  • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
  • ဒေသဆိုင်ရာအချက်အလက်

မီဒီယာ

  • သတင်းများ
  • ထုတ်ပြန်ကြေညာချက်များ
  • ပြည်ထဲရေးသတင်းလွှာ
  • ဝန်ကြီးဌာန Website များ
Copyright © 2022 GENERAL ADMINISTRATION DEPARTMENT, MYANMAR