အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(Home)
  • ဌာနအကြောင်း
    • ဌာနသမိုင်းကြောင်း
    • လုပ်ငန်းတာဝန်များ
    • အသုံးချဥပဒေများ
  • ဝန်ဆောင်မှုကဏ္ဍ
    • မြေယာစီမံခန့်ခွဲရေး
    • ယစ်မျိုးစီမံခန့်ခွဲရေး
    • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
    • ဒေသဆိုင်ရာအချက်အလက်
    • AML/CFT
  • သတင်းမီဒီယာ
    • သတင်းများ
    • ထုတ်ပြန်ကြေညာချက်များ
    • ပြည်ထဲရေးသတင်းလွှာ
    • ဝန်ကြီးဌာန Website များ
  • ဆက်သွယ်ရန်
  • Admin
    • Log In

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသတင်းများ

လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

၂၄-၄-၂၀၂၄

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၂၄-၄-၂၀၂၄)ရက်၊ (၁၀၃၀)အချိန်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသပစ္စည်းနှင့် လုပ်အားခဈေးနှုန်းများ စိစစ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်(ခရိုင်အုပ်ချုပ်ရေးမှူး)၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ စုစုပေါင်းအင်အား (၆၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အစည်းအဝေးတွင် ဆောက်လုပ်ရေးပစ္စည်းဈေးနှုန်းများနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

မြန်မာနှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်တရားတော်နာယူပွဲ အခမ်းအနားကျင်းပ

၂၂-၄-၂၀၂၄

ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်း၌(၂၂-၄-၂၀၂၄) ရက်၊ (၀၉၀၀)အချိန်တွင် မြန်မာနှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်တရားတော်နာယူပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်း သည် ပြည်နယ်ဒုတိယ/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန် ရှိသူများ၊ ပြည်နယ် ဒုတိယ/ ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းဝန်ထမ်း များနှင့်အတူ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ဆရာတော်များထံမှ ငါးပါးသီလခံယူခြင်း၊ ဆရာတော်၊ သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားတော် များ ရွတ်ဖတ်ခြင်းနှင့် ဆရာတော်ကြီးများအား ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း

၇-၄-၂၀၂၄

ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင် (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ (၇-၄-၂၀၂၄)ရက်၊ (၀၉၀၀)အချိန်တွင် ဝမ်လုံကျေးရွာ အုပ်စု၊ ပါညုကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းရှိ ဆရာတော်၊ သံဃာတော်များအား အဟာရ ဒါနအဖြစ် တစ်ဆုတ်ဆန် (၂၄)ပြီ (၈)အိတ်၊ စားဆီ (၁၀) ပိဿာနှင့် ဝတ္ထုငွေများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲနှင့် ထောက်ပံ့ပစ္စည်းပေးအပ်ခြင်းအခမ်းအနားကျင်းပ

၄-၄-၂၀၂၄

ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့၊ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး၊ အစည်းအဝေးခန်းမ၌ (၄-၄-၂၀၂၄)ရက်၊ (၁၀၀၀)အချိန်တွင် ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲနှင့် ထောက်ပံ့ပစ္စည်းပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်ဒုတိယ အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်း၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ပြည်နယ်ဒုတိယ အုပ်ချုပ်ရေးမှူးက ဝန်ထမ်းများအား ဌာနလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးမှာကြားခြင်းနှင့် ဝန်ထမ်းများမှ တင်ပြလာသည့် မိသားစုကိစ္စအခက်အခဲများ၊ လိုအပ်ချက်များအပေါ် ဖြည့်ဆည်း ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်း(၅၁)ဦးတို့အား ဆန်၊ ဆီ၊ ကြက်သွန်၊ ကြက်ဥနှင့် ဆားများ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

“ပြည်သူ့စစ်မှုထမ်းဥပဒေချပြရှင်းလင်းခြင်း” အခမ်းအနားကျင်းပ

၃-၄-၂၀၂၄

ရှမ်းပြည်နယ်၊ “ဓနု”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ရွာငံမြို့၊ ဗထူးခန်းမ၌ (၃-၄-၂၀၂၄)ရက်၊ (၁၀၀၀) အချိန်တွင် “ပြည်သူ့စစ်မှုထမ်းဥပဒေချပြရှင်းလင်းခြင်း” အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး(မြို့နယ် အုပ်ချုပ်ရေးမှူး)(မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ)၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ စုစုပေါင်းအင်အား(၁၄၅)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနား တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ ဒေသခံပြည်သူများ သိသင့် သိထိုက်သည့် အချက်များကို သိရှိစေရန်နှင့် မလိုလားအပ်သောနားလည်မှုလွဲမှားခြင်းများ မဖြစ်ပေါ်စေရန်တို့အတွက် ရှင်းလင်းဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်း ခြင်းအပေါ် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြေကြားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

လုပ်ငန်းခွင်ဝင်သင်တန်းအမှတ်စဉ် (၁/၂၀၂၄)ဖွင့်ပွဲ အခမ်းအနားကျင်းပ

၂-၄-၂၀၂၄

မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ သတင်းနှင့်နည်းပညာခန်းမ၌ (၂-၄-၂၀၂၄)ရက်၊ (၁၀၀၀) အချိန်တွင် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လုပ်ငန်းခွင်ဝင်သင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်း၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီး အရာရှိများ၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းသား/ သူများ စုစုပေါင်းအင်အား (၄၂)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ သင်တန်းကို သင်တန်းသား/သူ (၁၈)ဦးဖြင့် (၂-၄-၂၀၂၄)ရက်မှ (၅-၄-၂၀၂၄)ရက်အထိ (၄)ရက်ကြာ ဖွင့်လှစ်သင်ကြားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

“ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန” ဆိုင်းဘုတ်တင်ခြင်းအခမ်းအနား တက်ရောက်

၁-၄-၂၀၂၄

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ ရုံးကြီးလမ်း ၊ ခရိုင်/ မြို့နယ်မြေစာရင်းဦးစီးဌာနရုံး၌ (၁-၄-၂၀၂၄)ရက်၊ (၀၆၃၀)အချိန်တွင် “ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာန” ဆိုင်းဘုတ်တင်ခြင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်(ခရိုင်အုပ်ချုပ်ရေးမှူး)သည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြပြီး အန္တရာယ်ကင်းပရိတ်တရားတော်နာယူ ခဲ့ကြောင်း သတင်းရရှိပါသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း

၃၀-၃-၂၀၂၄

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဇော်မြင့် (မြို့နယ်အုပ်ချုပ်ရေးမှူ)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ မြို့နယ်များမှ တာဝန်ရှိသူများ၊ လူမူရေးအသင်းအဖွဲ့များနှင့်အတူ (၃၀-၃-၂၀၂၄) ရက် ၊ (၀၈၀၀) အချိန်တွင် မိုင်းပန်မြို့၊ အနောက်ရပ်ကွက် ၊ မွေတော်ဈေးရှေ့၌ ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် ပြည်သူ့စစ်မှုထမ်း လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများဆွေးနွေးပွဲကျင်းပ

၂၈-၃-၂၀၂၄

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ လွိုင်လင်မြို့၊ အမှတ်(၂)ရပ်ကွက်၊ ဂေါ်ရခါးဘုရားကျောင်းဓမ္မာရုံ၌ (၂၈-၃-၂၀၂၄)ရက်၊ (၁၃၀၀)အချိန်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ ဆိုင်ရာ သိကောင်းစရာများဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွဋ် (မြို့နယ်အုပ်ချုပ်ရေးမှူး) (မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌ)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ သက်ဆိုင်ဌာနများမှ တာဝန်ရှိသူများ၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ မြို့မိ/ဖများ စုစုပေါင်းအင်အား (၂၃၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပြည်သူ့ စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် ဥပဒေဆိုင်ရာ အကြောင်းအရာများ၊ သိသင့်သိထိုက်သည့် ဥပဒေများကို မိဘပြည်သူများသို့ ရှင်းလင်းဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး၊ တက်ရောက် လာသူများမှ သိရှိလိုသည်များကို မေးမြန်းခြင်းများအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။


Prev 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 Next

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)

  • ရုံးအမှတ်(၁၀)၊
  • ဇေယျဌာနီလမ်း၊ နေပြည်တော်
  • ဖုန်း-067 3 412793
  • Total visitors - 49168

ဌာနအကြောင်း

  • ဌာနသမိုင်းကြောင်း
  • လုပ်ငန်းတာဝန်များ
  • အသုံးချဥပဒေများ

ဝန်ဆောင်မှုကဏ္ဍ

  • မြေယာစီမံခန့်ခွဲရေး
  • ယစ်မျိုးစီမံခန့်ခွဲရေး
  • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
  • ဒေသဆိုင်ရာအချက်အလက်

မီဒီယာ

  • သတင်းများ
  • ထုတ်ပြန်ကြေညာချက်များ
  • ပြည်ထဲရေးသတင်းလွှာ
  • ဝန်ကြီးဌာန Website များ
Copyright © 2022 GENERAL ADMINISTRATION DEPARTMENT, MYANMAR