ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ လူငယ်စင်တာ၌ ကျင်းပပြုလုပ်သည့် “ရက်ကန်းပညာဖွံ့ဖြိုးတိုးတက်မှုအထောက်အကူပြုအခြေခံကွန်ပျူတာသင်တန်း” ဖွင့်ပွဲအခမ်းအနား သို့ တက်ရောက်
၁၈-၁၁-၂၀၂၅၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက် နံနက် ၉ နာရီတွင် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ လူငယ်စင်တာ၌ ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်နယ်လူငယ်ရေးရာ ကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် “ရက်ကန်းပညာဖွံ့ဖြိုးတိုးတက်မှုအထောက်အကူပြုအခြေခံ ကွန်ပျူတာသင်တန်း” ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမင်းရွှေ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။