အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(Home)
  • ဌာနအကြောင်း
    • ဌာနသမိုင်းကြောင်း
    • လုပ်ငန်းတာဝန်များ
    • အသုံးချဥပဒေများ
  • ဝန်ဆောင်မှုကဏ္ဍ
    • မြေယာစီမံခန့်ခွဲရေး
    • ယစ်မျိုးစီမံခန့်ခွဲရေး
    • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
    • ဒေသဆိုင်ရာအချက်အလက်
    • AML/CFT
  • သတင်းမီဒီယာ
    • သတင်းများ
    • ထုတ်ပြန်ကြေညာချက်များ
    • ပြည်ထဲရေးသတင်းလွှာ
    • ဝန်ကြီးဌာန Website များ
  • ဆက်သွယ်ရန်
  • Admin
    • Log In

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသတင်းများ

လုပ်ငန်းခွင်ဝင်သင်တန်းအမှတ်စဉ် (၁/၂၀၂၄)ဖွင့်ပွဲ အခမ်းအနားကျင်းပ

၂-၄-၂၀၂၄

မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ သတင်းနှင့်နည်းပညာခန်းမ၌ (၂-၄-၂၀၂၄)ရက်၊ (၁၀၀၀) အချိန်တွင် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လုပ်ငန်းခွင်ဝင်သင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်း၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီး အရာရှိများ၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းသား/ သူများ စုစုပေါင်းအင်အား (၄၂)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ သင်တန်းကို သင်တန်းသား/သူ (၁၈)ဦးဖြင့် (၂-၄-၂၀၂၄)ရက်မှ (၅-၄-၂၀၂၄)ရက်အထိ (၄)ရက်ကြာ ဖွင့်လှစ်သင်ကြားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

“ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန” ဆိုင်းဘုတ်တင်ခြင်းအခမ်းအနား တက်ရောက်

၁-၄-၂၀၂၄

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ ရုံးကြီးလမ်း ၊ ခရိုင်/ မြို့နယ်မြေစာရင်းဦးစီးဌာနရုံး၌ (၁-၄-၂၀၂၄)ရက်၊ (၀၆၃၀)အချိန်တွင် “ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာန” ဆိုင်းဘုတ်တင်ခြင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်(ခရိုင်အုပ်ချုပ်ရေးမှူး)သည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြပြီး အန္တရာယ်ကင်းပရိတ်တရားတော်နာယူ ခဲ့ကြောင်း သတင်းရရှိပါသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း

၃၀-၃-၂၀၂၄

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဇော်မြင့် (မြို့နယ်အုပ်ချုပ်ရေးမှူ)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ မြို့နယ်များမှ တာဝန်ရှိသူများ၊ လူမူရေးအသင်းအဖွဲ့များနှင့်အတူ (၃၀-၃-၂၀၂၄) ရက် ၊ (၀၈၀၀) အချိန်တွင် မိုင်းပန်မြို့၊ အနောက်ရပ်ကွက် ၊ မွေတော်ဈေးရှေ့၌ ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် ပြည်သူ့စစ်မှုထမ်း လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများဆွေးနွေးပွဲကျင်းပ

၂၈-၃-၂၀၂၄

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ လွိုင်လင်မြို့၊ အမှတ်(၂)ရပ်ကွက်၊ ဂေါ်ရခါးဘုရားကျောင်းဓမ္မာရုံ၌ (၂၈-၃-၂၀၂၄)ရက်၊ (၁၃၀၀)အချိန်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ ဆိုင်ရာ သိကောင်းစရာများဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွဋ် (မြို့နယ်အုပ်ချုပ်ရေးမှူး) (မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌ)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ သက်ဆိုင်ဌာနများမှ တာဝန်ရှိသူများ၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ မြို့မိ/ဖများ စုစုပေါင်းအင်အား (၂၃၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပြည်သူ့ စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် ဥပဒေဆိုင်ရာ အကြောင်းအရာများ၊ သိသင့်သိထိုက်သည့် ဥပဒေများကို မိဘပြည်သူများသို့ ရှင်းလင်းဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး၊ တက်ရောက် လာသူများမှ သိရှိလိုသည်များကို မေးမြန်းခြင်းများအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ထားဝယ်မြို့ပေါ်ရှိ ဘုန်းတော်ကြီးသင်ပညာရေး စာသင်တိုက်ကျောင်းနှင့် သီလရှင်စာသင်တိုက် များသို့ အခြေခံစားသောက်ကုန်ပစ္စည်းများ သွားရောက်လှူဒါန်းခြင်း

၂၈-၃-၂၀၂၄

တနင်္သာရီတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးခင်မောင်ချိုသည် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ အမျိုးသမီရေးရာအဖွဲ့ အဖွဲ့ဝင်များ၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့ အဖွဲ့ဝင်များနှင့်အတူ (၂၈-၃-၂၀၂၄)ရက်၊ (၀၇၀၀)အချိန် တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်အကြိုအထိမ်းအမှတ်အဖြစ် ထားဝယ်မြို့ပေါ်ရှိ ဘုန်းတော်ကြီးသင် ပညာရေး စာသင်တိုက်ကျောင်းများနှင့် သီလရှင်စာသင်တိုက်များသို့ အခြေခံစားသောက်ကုန် ပစ္စည်းများဖြစ်သည့် ဆန် (၁၀)အိတ်၊ ဆီ (၁၀)ပိဿာ၊ ကြက်သွန်နီ (၁၀)ပိဿာ၊ ကြာဇံ (၂)အိတ်၊ အာလူး (၁၀)ပိဿာတို့အား သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

စီမံ- ၁နှင့် ဌာနခွဲစာရေးဝန်ထမ်းများအား မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

၂၈-၃-၂၀၂၄

တနင်္သာရီတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၂၈-၃-၂၀၂၄)ရက်၊ (၀၉၀၀)အချိန်တွင် စီမံ-၁နှင့် ဌာနခွဲစာရေးဝန်ထမ်းများအား မွမ်းမံသင်တန်း ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးခင်မောင်ချို၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း အင်အား (၅၃)ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခြင်း၊ လက်ထောက်ညွှန်ကြားရေးမှူး (၄)တို့က ဘဏ္ဍာရေးနှင့်ငွေစာရင်းဘာသာရပ်၊ ယစ်မျိုးဘာသာရပ်၊ မြေယာဘာသာရပ်နှင့် ရုံးစာရေးသားနည်း ဘာသာရပ်များကိုသင်တန်းပို့ချခဲ့ပြီး သင်တန်းကာလမှာ (၂၈-၃-၂၀၂၄) ရက်နေ့မှ (၂၉-၃-၂၀၂၄) ရက် နေ့အထိ (၂)ရက်ကြာသင်တန်းဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

မီးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းပေးအပ်

၂၇-၃-၂၀၂၄

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြို့ဆောင် (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ သက်ဆိုင်ဌာနများမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းတို့နှင့်အတူ (၂၇-၃-၂၀၂၄)ရက်၊ (၁၁၀၀)အချိန်တွင် ဝမ်တိန်းကျေးရွာအုပ်စု၊ လွိုင်ဆေကျေးရွာ၌ ဖယောင်းတိုင်းမီးထွန်းရာမှ လဲကျ၍ မီးလောင်ဆုံးရှုံးခဲ့သည့် မီးဘေးသင့်အိမ်ထောင်စု(၂)စုအား ဆန်ရိက္ခာ၊ မိုးကာ၊ အဝတ်အထည်၊ မီးဖိုချောင်သုံးပစ္စည်း၊ တကိုယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။

ထရန်စဖော်မာတပ်ဆင်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများအတွက် မြေနေရာအား ကွင်းဆင်းစစ်ဆေး

၂၇-၃-၂၀၂၄

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ ပုံးထွန်ကျေးရွာ၊ ဈေးတန်းရပ်ကွက်၌ (၂၇-၃-၂၀၂၄)ရက်၊ (၁၀၀၀)အချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြို့ဆောင် (မြို့နယ် အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်အထွေထွေပိုလျှံရန်ပုံငွေ (GRF) (၈၂.၁)သန်း ဖြင့်ဆောင်ရွက်မည့် ဂါလံ(၆၀၀၀၀)ဆံ့ ရေစုကန်မှ ဝန်ထမ်းအိမ်ရာသို့ ရေတင်ပို့ နိုင်ရေးအတွက် 50 KVA ထရန်စဖော်မာတပ်ဆင်ခြင်းနှင့် ဆက်စပ်လုပ်ငန်းအတွက် မြေနေရာအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ဘာသာရပ် စွမ်းရည်မြှင့်မွမ်းမံသင်တန်း ဆွေးနွေးပွဲကျင်းပ

၂၆-၃-၂၀၂၄

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဇော်မြင့် (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများ၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၂၅-၃-၂၀၂၄)ရက်၊ (၀၉၀၀)အချိန်တွင် မိုင်းပန်မြို့၊ ရွာသစ်ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပ ပြုလုပ်သည့် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။


Prev 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 Next

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)

  • ရုံးအမှတ်(၁၀)၊
  • ဇေယျဌာနီလမ်း၊ နေပြည်တော်
  • ဖုန်း-067 3 412793
  • Total visitors - 53930

ဌာနအကြောင်း

  • ဌာနသမိုင်းကြောင်း
  • လုပ်ငန်းတာဝန်များ
  • အသုံးချဥပဒေများ

ဝန်ဆောင်မှုကဏ္ဍ

  • မြေယာစီမံခန့်ခွဲရေး
  • ယစ်မျိုးစီမံခန့်ခွဲရေး
  • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
  • ဒေသဆိုင်ရာအချက်အလက်

မီဒီယာ

  • သတင်းများ
  • ထုတ်ပြန်ကြေညာချက်များ
  • ပြည်ထဲရေးသတင်းလွှာ
  • ဝန်ကြီးဌာန Website များ
Copyright © 2022 GENERAL ADMINISTRATION DEPARTMENT, MYANMAR