ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ မြန်မာ- တရုတ်နှစ်နိုင်ငံဝင်ထွက်ဂိတ်ဖြစ်သော မန့်ဝိန်းဂိတ်တွင် တရားမဝင် ဝင်ရောက်လာသော ရုရှားနိုင်ငံသားတစ်ဦးအား ပြည်နှင်လွှဲပြောင်းနိုင်ရေး ပူးပေါင်း ဆောင်ရွက်
၃၀-၁၀-၂၀၂၅၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက် နံနက် ၇ နာရီတွင် ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ မြန်မာ- တရုတ်နှစ်နိုင်ငံဝင်ထွက်ဂိတ်ဖြစ်သော မန့်ဝိန်းဂိတ်တွင် တရားမဝင် ဝင်ရောက် လာသော ရုရှားနိုင်ငံသားတစ်ဦးအား ပြည်နှင်လွှဲပြောင်းနိုင်ရေးအတွက် ၎င်း၏ကိုယ်ရေးအချက်အလက် နှင့် မှတ်တမ်းစာရင်းကောက်ယူခြင်းလုပ်ငန်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။