အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(Home)
  • ဌာနအကြောင်း
    • ဌာနသမိုင်းကြောင်း
    • လုပ်ငန်းတာဝန်များ
    • အသုံးချဥပဒေများ
  • ဝန်ဆောင်မှုကဏ္ဍ
    • မြေယာစီမံခန့်ခွဲရေး
    • ယစ်မျိုးစီမံခန့်ခွဲရေး
    • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
    • ဒေသဆိုင်ရာအချက်အလက်
  • သတင်းမီဒီယာ
    • သတင်းများ
    • ထုတ်ပြန်ကြေညာချက်များ
    • ပြည်ထဲရေးသတင်းလွှာ
    • ဝန်ကြီးဌာန Website များ
  • ဆက်သွယ်ရန်
  • Admin
    • Log In

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသတင်းများ

ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး

၁၀-၁-၂၀၂၃

(၁၀-၁-၂၀၂၃)ရက်၊ (၀၉၀၀)အချိန်၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ အမှတ် (၃)အခြေခံပညာအထက်တန်းကျောင်း၌ ကာကွယ်ဆေး (၂)ကြိမ်ထိုးပြီး (၆)လပြည့်သူ အသက် (၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/ သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံပေးနေမှုအခြေနေအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလတ် (ခရိုင်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

မြေပြင်တစ်အိမ်တက်ဆင်း စာရင်းကောက်ယူမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

၁၀-၁-၂၀၂၃

(၁၀-၁-၂၀၂၃)ရက်၊ (၁၁၀၀)အချိန်၊ ရှမ်းပြည်နယ်၊ မိုင်းဖြတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ အမှတ် (၆)မြေပြင်တစ်အိမ်တက်ဆင်း စာရင်းကောက်ယူရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဟိုနားကျေးရွာ၌ ကောက်ကွက်အလိုက် မြေပြင်တစ်အိမ်တက်ဆင်း စာရင်းကောက်ယူမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

မြေပြင်တစ်အိမ်တက်ဆင်း စာရင်းကောက်ယူမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

၉-၁-၂၀၂၃

(၉-၁-၂၀၂၃)ရက်၊ (၁၀၀၀)အချိန်၊ ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ရွာငံမြို့နယ်(Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦး (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူ များနှင့်အတူ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများအတွင်း၌ မြေပြင်တစ်အိမ်တက်ဆင်း စာရင်းကောက်ယူရာတွင် အိမ်ထောင်စုစာရင်းများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ မှန်ကန်စွာ ရရှိစေရေးနှင့် တိုက်ဆိုင်စစ်ဆေးပြီးမှန်ကန်သောမဲစာရင်းများရရှိနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

စည်ပင်သာယာရေးဌာနရုံး အဆောက်အဦဆောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

၉-၁-၂၀၂၃

(၉-၁-၂၀၂၃)ရက်၊ (၁၀၀၀)အချိန်၊ ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံစောလှိုင်(ခရိုင်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေး ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ မြို့နယ်စည်ပင် သာယာရေးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် (နှစ်ဆက်)ရန်ပုံငွေကျပ် (၄၅.၄၅)သန်းဖြင့် လွိုင်လင်မြို့၊ အမှတ် (၂)ရပ်ကွက်ရှိ စည်ပင်သာယာရေးဌာနရုံး အဆောက်အဦ (၇၂' x ၃၀' x ၂၃') ဆောက်လုပ်ခြင်း (အပိုင်း-၃၊ ဒုတိယထပ်တိုင်ထောင်ခြင်း၊ အမိုးမိုးခြင်းနှင့် လှေကားတည်ဆောက်ခြင်း) လုပ်ငန်း (၁၀၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

မြေပြင်လူဦးရေစာရင်းကောက်ယူမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

၉-၁-၂၀၂၃

(၉-၁-၂၀၂၃)ရက်၊ (၀၈၃၀)အချိန်၊ ရှမ်းပြည်နယ်၊ မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ်အတွင်း၌ ရပ်ကွက်/ ကျေးရွာအုပ်စု (Working Group) မြေပြင်ကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ အဖွဲ့မှ မြေပြင်လူဦးရေစာရင်းကောက်ယူနေမှုအား မြို့နယ် (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးထူးထက်(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

မြေပြင်တစ်အိမ်တက်ဆင်း စာရင်းကောက်ယူမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

၉-၁-၂၀၂၃

(၉-၁-၂၀၂၃)ရက်၊ (၀၉၀၀)အချိန်၊ ရှမ်းပြည်နယ်၊ မိုင်းဖြတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စု (Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ရပ်ကွက်/ ကျေးရွာအုပ်စု မြေပြင်တစ်အိမ်တက်ဆင်း ကောက်ယူရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဟိုနားကျေးရွာ၊ ဈေးတန်း ရပ်ကွက်နှင့် ပါဆန်းကျေးရွာတို့တွင် ကောက်ကွက်အလိုက် မြေပြင်တစ်အိမ်တက်ဆင်း စာရင်း ကောက်ယူမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ချောင်းခြောက်အတွင်းမြေထိန်းနံရံ တည်ဆောက်ရန်အတွက် အလှူငွေများပေးအပ်လှူဒါန်း

၇-၁-၂၀၂၃

(၇-၁-၂၀၂၃)ရက်၊ (၀၉၀၀)အချိန်၊ ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ ပင်ဟုန်းရပ်ကွက်အတွင်းရှိ ချောင်းခြောက်အတွင်းမြေထိန်းနံရံ တည်ဆောက်ရန်အတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဦးစီးဌာနရုံး ခွင့်ပြုရန်ပုံငွေမှ ထောက်ပံ့လှူဒါန်းငွေ ကျပ်(၉,၄၇၅,၀၀ဝိ/-)သိန်းတိတိအား ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်း(ခရိုင်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်/ကျေးစာရေးတို့နှင့်အတူ လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။

စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

၈-၁-၂၀၂၃

(၈-၁-၂၀၂၃)ရက်၊ (၀၇၀၀)အချိန်၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့၊ နန်းခဲရပ်ကွက်၊ ခရိုင်ရဲဝင်းလမ်းဘေး ဝဲ/ ယာ၌ ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ခရိုင်/ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့များ၊ ပညာရေးဝန်ကြီးဌာနမှဝန်ထမ်းများ စုစုပေါင်းအင်အား (၃၇၅)ဦးဖြင့် ခြုံနွယ်များရှင်းလင်းခြင်း၊ အမှိုက်သရိုက်များရှင်းလင်းခြင်း၊ သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်း ဆောင်ရွက်နေမှုအခြေအနေ များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်း(ခရိုင်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန် ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

မောက်မယ်မြို့နယ်ဆေးရုံ၊ ကူးစက်လူနာဆောင် ဆောက်လုပ်ခြင်းလုပ်ငန်း (၆၅)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

၅-၁-၂၀၂၃

(၅-၁-၂၀၂၃)ရက်၊ (၁၀၀၀)အချိန်၊ ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသက်နိုင်(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် (၁၃၀.၉၈၈)သန်းဖြင့် သုခစည်းစိမ်ကုမ္ပဏီမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မြို့နယ်ဆေးရုံ၊ ကူးစက်လူနာဆောင် ဆောက်လုပ်ခြင်းလုပ်ငန်း (၆၅) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


Prev 1 2 3 4 5 6 7 8 9 10 11 12 13 Next

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)

  • ရုံးအမှတ်(၁၀)၊
  • ဇေယျဌာနီလမ်း၊ နေပြည်တော်
  • ဖုန်း-067 3 412793
  • Total visitors - 6239

ဌာနအကြောင်း

  • ဌာနသမိုင်းကြောင်း
  • လုပ်ငန်းတာဝန်များ
  • အသုံးချဥပဒေများ

ဝန်ဆောင်မှုကဏ္ဍ

  • မြေယာစီမံခန့်ခွဲရေး
  • ယစ်မျိုးစီမံခန့်ခွဲရေး
  • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
  • ဒေသဆိုင်ရာအချက်အလက်

မီဒီယာ

  • သတင်းများ
  • ထုတ်ပြန်ကြေညာချက်များ
  • ပြည်ထဲရေးသတင်းလွှာ
  • ဝန်ကြီးဌာန Website များ
Copyright © 2022 GENERAL ADMINISTRATION DEPARTMENT, MYANMAR