အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(Home)
  • ဌာနအကြောင်း
    • ဌာနသမိုင်းကြောင်း
    • လုပ်ငန်းတာဝန်များ
    • အသုံးချဥပဒေများ
  • ဝန်ဆောင်မှုကဏ္ဍ
    • မြေယာစီမံခန့်ခွဲရေး
    • ယစ်မျိုးစီမံခန့်ခွဲရေး
    • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
    • ဒေသဆိုင်ရာအချက်အလက်
    • AML/CFT
  • သတင်းမီဒီယာ
    • သတင်းများ
    • ထုတ်ပြန်ကြေညာချက်များ
    • ပြည်ထဲရေးသတင်းလွှာ
    • ဝန်ကြီးဌာန Website များ
  • ဆက်သွယ်ရန်
  • Admin
    • Log In

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်သို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ခွဲဝေချထားသည့် မြန်မာ့ဩဘာကုမ္ပဏီမှ ကွန်ပေါင်းဓာတ်မြေဩဇာ ၃၃၂၀အိတ်အား ခွဲဝေဆောင်ရွက်

၂၈-၈-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက် နေ့လယ် ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်သို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ခွဲဝေချထားသည့် မြန်မာ့ဩဘာကုမ္ပဏီမှ ကွန်ပေါင်း ဓာတ်မြေဩဇာ (Comet Vita 15:15:15) ၅၇၀၀ အိတ်အနက်မှ ခွဲဝေရရှိခဲ့သော ၃၃၂၀ အိတ်အား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်မြတ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေး မှူးများနှင့်အတူ ရပ်ကွက်/ကျေးရွာအုပ်စု၊ စုရပ်များသို့ ပို့ဆောင်ခွဲဝေပေးမှုအား ကြီးကြပ်ဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့၊ အလယ်ရပ်ကွက်၌ (MEVM) မဲပေးစက် ကိုင်တွယ် အသုံးပြု နည်းဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့်လက်တွေ့စမ်းသပ် မဲပေးခြင်းအခမ်းအနား ကျင်းပပြုလုပ်

၂၈-၈-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက် နေ့လယ် ၁ နာရီတွင် ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့၊ အလယ်ရပ်ကွက်၌ ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူများမဲပေးရာ၌ လွယ်ကူအဆင်ပြေစေရေးအတွက် ရွေးကောက်ပွဲတွင်အသုံးပြုမည့် (MEVM) မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်း အင်အား ၂၅၀ ဦးခန့်နှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ MCCT အသိပညာပေးခြင်းနှင့် အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

၂၈-၈-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက် နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မောက်မယ်မြို့၊ ဈေးတန်းရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပ ပြုလုပ်သည့် MCCT (Maternal and Child Cash Transfer)အသိပညာပေးခြင်းနှင့် အာဟာရ အသိပညာပေးဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာန တာဝန်ရှိသူ များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သားဖွားဆရာမ သင်တန်းသား/သူများ စုစုပေါင်းအင်အား ၃၅ ဦးနှင့်အတူ တက်ရောက်ခဲ့ ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ တွင် (MEVM)မဲပေးစက်ကိုင်တွယ်အသုံးပြုခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်

၂၇-၈-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်၊ နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် (MEVM)မဲပေးစက်ကိုင်တွယ်အသုံးပြုခြင်း နှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆိုင်ရာအသိပညာပေးဟောပြောပွဲသို့ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်း ဦးဆောင်၍ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ထမ်းများ စုစုပေါင်း ၁၂၅ ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မဲရုံများတွင် တာဝန်ချထားနိုင်ရေးကိစ္စနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

၂၇-၈-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်၊ ညနေ ၄ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ ခရိုင်၊ ရွှေပြည်သာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ မြို့နယ်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး ဦးဆောင်၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အတူ မဲရုံများတွင် လုံခြုံရေးတာဝန် ချထားနိုင်ရေးကိစ္စနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပြီး စုစုပေါင်းအင်အား ၃၂ ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ အင်တောမြို့ ပြည်သူ့ဆေးရုံတွင် တက်ရောက် နေသည့် လူနာများအား အားပေးစကားပြောကြား

၂၇-၈-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်၊ နေ့လယ် ၁ နာရီတွင် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ အင်တောမြို့ ပြည်သူ့ဆေးရုံတွင် ဆေးရုံတက်ရောက်လျက်ရှိသည့် လူနာများအား မြို့အုပ်ချုပ်ရေးမှူး ဦးမင်းသူ ဦးဆောင်၍ တိုက်နယ်ဆေးရုံမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စာရေးဝန်ထမ်းများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လဲချားမြို့၊ အမှတ်(၄)ရပ်ကွက်၊ သီရိဟံသာခန်းမတွင် မြန်မာအီလက် ထရောနစ်မဲပေးစက် MEVM ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ မဲဆန္ဒရှင်များအား အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပပြုလုပ်

၂၂-၈-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လဲချားမြို့၊ အမှတ်(၄)ရပ်ကွက်၊ သီရိဟံသာခန်းမတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာ မဲဆန္ဒရှင်များအား အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်အဆင့်သက်ဆိုင်ရာဌာန တာဝန်ရှိသူများ၊ စုစုပေါင်းအင်အား ၂၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ ညောင်ကုန်းရပ်ကွက်၊ မလိခလမ်းရှိ နေအိမ်များ အား ဧည့်စာရင်းစစ်ဆေးရာတွင် PSMS (Person Scrutinization and Monitoring System) အား အသုံးပြု၍ တိုက်ဆိုင်စစ်ဆေးခြင်းများဆောင်ရွက်

၂၁-၈-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက် ည ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလ မြို့နယ်၊ ညောင်ကုန်းရပ်ကွက်၊ မလိခလမ်းရှိနေအိမ်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်မြတ်၏ ကြီးကြပ်မှုဖြင့် မြို့နယ်အခြေပြု လုံခြုံရေးတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များမှ ဧည့် စာရင်းစစ်ဆေးခဲ့ပြီး ဧည့်စာရင်း စစ်ဆေးစဥ် မြို့နယ်ရဲတပ်ဖွဲ့မှ PSMS (Person Scrutinization and Monitoring System) လူပုဂ္ဂိုလ် တစ်ဦးချင်းအား စိစစ်စောင့်ကြည့်ခြင်းစနစ်နှင့် ဧည့်စာရင်းစစ်ဆေး ခံရသူများအား တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်ရှိ K2 Co.,Ltdမှ ထိန်းချုပ်ဓာတုပစ္စည်းအား လက်ဝယ်ထားရှိ အသုံးပြုခွင့်လိုင်စင်နှင့် ထိန်းချုပ်ဓာတုပစ္စည်း သိုလှောင်ဖြန့်ဖြူးခွင့် လိုင်စင် (သက်တမ်းတိုး) အပေါ် ကွင်းဆင်းစစ်ဆေး

၂၁-၈-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့ နေ့လယ် ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန် ခရိုင်၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ ရွှေပြည်သာစက်မှုဇုန်အပိုင်း(၃)၊ ခရေပင်လမ်း၊ အမှတ် (၁၃၈)ရှိ K2 Co.,Ltdမှ လုပ်ငန်းတွင် အသုံးပြုရန်အတွက် ထိန်းချုပ်ဓာတုပစ္စည်းအား လက်ဝယ် ထားရှိအသုံးပြုခွင့် လိုင်စင်နှင့် ထိန်းချုပ်ဓာတုပစ္စည်းသိုလှောင်ဖြန့်ဖြူးခွင့်လိုင်စင်တို့အား (သက်တမ်း တိုး) ခွင့်ပြုနိုင်ပါရန် ဒေါ်ကြည်ပြာဝင်းသူ (Director, K2 Co.,Ltd) လျှောက်ထားလာမှုအပေါ် မြို့နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။


Prev 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 Next

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)

  • ရုံးအမှတ်(၁၀)၊
  • ဇေယျဌာနီလမ်း၊ နေပြည်တော်
  • ဖုန်း-067 3 412793
  • Total visitors - 67903

ဌာနအကြောင်း

  • ဌာနသမိုင်းကြောင်း
  • လုပ်ငန်းတာဝန်များ
  • အသုံးချဥပဒေများ

ဝန်ဆောင်မှုကဏ္ဍ

  • မြေယာစီမံခန့်ခွဲရေး
  • ယစ်မျိုးစီမံခန့်ခွဲရေး
  • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
  • ဒေသဆိုင်ရာအချက်အလက်

မီဒီယာ

  • သတင်းများ
  • ထုတ်ပြန်ကြေညာချက်များ
  • ပြည်ထဲရေးသတင်းလွှာ
  • ဝန်ကြီးဌာန Website များ
Copyright © 2022 GENERAL ADMINISTRATION DEPARTMENT, MYANMAR