
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက် နံနက် ၁၁ နာရီတွင် ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ညောင်ရွှေ မြို့နယ်၊ တိလောစခန်းကြီးကျေးရွာအုပ်စု၊ ကျော့မောင်ငယ်ကျေးရွာ၊ ကွင်းအမှတ်(၅)၊ ဦးပိုင်အမှတ် (၁၄/၁)အနီး၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲနှင့် လယ်သီးထပ် ဆီနေကြာမျိုးစေ့သွင်းအားစု ထောက်ပံ့ ပေးအပ်ပွဲအခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့် တောင်သူများ စုစုပေါင်း ၆၀ ဦးခန့် တက်ရောက်ခဲ့ပြီး တောင်သူများအား မျိုးစေ့များနှင့်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။