အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(Home)
  • ဌာနအကြောင်း
    • ဌာနသမိုင်းကြောင်း
    • လုပ်ငန်းတာဝန်များ
    • အသုံးချဥပဒေများ
  • ဝန်ဆောင်မှုကဏ္ဍ
    • မြေယာစီမံခန့်ခွဲရေး
    • ယစ်မျိုးစီမံခန့်ခွဲရေး
    • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
    • ဒေသဆိုင်ရာအချက်အလက်
    • AML/CFT
  • သတင်းမီဒီယာ
    • သတင်းများ
    • ထုတ်ပြန်ကြေညာချက်များ
    • ပြည်ထဲရေးသတင်းလွှာ
    • ဝန်ကြီးဌာန Website များ
  • ဆက်သွယ်ရန်
  • Admin
    • Log In

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသတင်းများ

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်ဥပဒေရုံး ခြံစည်းရိုးကာရံခြင်းနှင့် သိမ်ငူကျေးရွာ ကုန်ထုန်လမ်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

၂၁-၂-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက် နံနက် ၉ နာရီ ၃၀မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်သည် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်၊ မြို့နယ်တည်ဆောက်မှုကြီးကြပ်ရေးကော်မတီဝင်များနှင့်အတူ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကျိုက်ထိုမြို့နယ် ဥပဒေရုံး ခြံစည်းရိုးကာရံခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် သိမ်ငူကျေးရွာကုန်ထုတ်လမ်း အပိုင်း (၁၊၂) လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်၊ သထုံခရိုင်ပြည်သူ့ဆေးရုံကြီး၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာရောင်းချ ပေးနေမှု အခြေအနေအားကြည့်ရှုစစ်ဆေး

၂၁-၂-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက် နံနက် ၇ နာရီတွင် မွန်ပြည်နယ်၊ သထုံခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲနိုင်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ အထူးကု ဆရာဝန်ကြီးများ၊ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အတူ ခရိုင်ပြည်သူ့ ဆေးရုံကြီး၌ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင်ရှောက်မှုပေးခြင်းနှင့် သထုံ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေးနေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ဝန်ထမ်းအိမ်ရာ၌ မြေသားလမ်း တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

၂၀-၂-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက် နံနက် ၁၁ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင် တည်ဆောက်မှုကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်သည် မြို့နယ်တည်ဆောက်မှုကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်၊ မြို့နယ်တည်ဆောက်မှုကြီးကြပ်ရေး ကော်မတီ အဖွဲ့ဝင်များနှင့်အတူ ကျိုက်ထိုမြို့နယ်၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်သော မြို့နယ်ဝန်ထမ်းအိမ်ရာ မြေသားလမ်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွှေမြိုင်ခန်းမ၌ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ

၂၀-၂-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက် နံနက် ၉ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွှေမြိုင်ခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။ အဆိုပါအစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ အခွန်(၄)မျိုး လျာထားချက်ပြည့်မီအောင် ကောက်ခံနိုင်ရေးနှင့်ပတ်သက်၍ တွန်းအားပေး ကြပ်မတ်ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ ကျောင်းသား/ ကျောင်းသူများ လုံခြုံအေးချမ်းစွာစာမေးပွဲဖြေဆိုနိုင်ရေး ကွင်းဆင်းစစ်ဆေး

၁၉-၂-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက် နေ့လယ် ၁၅ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်အတွင်း အခြေခံပညာကျောင်း ၆၂ ကျောင်းရှိ ကျောင်းသား/ ကျောင်းသူ ၄၁၃၂ ဦးတို့၏ ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲအား လုံခြုံအေးချမ်းစွာ ဖြေဆို နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာ/ ဆရာမကြီးများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းများအတွင်း မီးဘေး အန္တရာယ်ကင်းရှင်းစေရေးနှင့် လျှပ်စစ်မီးအန္တရာယ် ကင်းရှင်းစေရေးတို့အတွက် မီးသတ် ဆေးဘူးများ၊ မီးချိတ်မီးကတ်များထားရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ကမ္ဘောဇခန်းမ၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီ နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပ

၁၉-၂-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက် နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ကမ္ဘောဇခန်းမ၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယာယီ နေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင် ၂၀,၀၀ဝိ/- ကျပ်နှုန်းဖြင့် လူဦးရေ ၇၁၃ ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေ ၁၄,၂၆၀,၀၀ဝိ/- ကျပ် ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ ခရိုင်/ မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

၁၉-၂-၂၀၂၅

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက် နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ ခရိုင်/ မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူးက လုံခြုံရေး၊ စီးပွားရေးနှင့် ဒေသဖွံ့ဖြိုးရေး စသည့် အကြောင်းအရာများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရာဂီမုန်တိုင်းကြောင့် မြေနေရာများပျက်စီးခဲ့သည့် ခေါင်းနွဲ့ကျေးရွာရှိ သဘာဝဘေးသင့် ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

၁၈-၂-၂၀၂၅

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ၁၈-၂-၂၀၂၅ ရက်၊ ၁၁၃၀ အချိန်တွင် ရာဂီမုန်တိုင်းကြောင့် မြေနေရာများပျက်စီးခဲ့သည့် ခေါင်းနွဲ့ ကျေးရွာရှိ သဘာဝဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကြည်မြင့် (ခရိုင်အုပ်ချုပ် ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ KBZ Group မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် သဘာဝဘေးသင့်ပြည်သူများ တက်ရောက်ခဲ့ကြ ပါသည်။ အဆိုပါအခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ရာဂီမုန်တိုင်းကြောင့် မြေနေရာများ ပျက်စီးခဲ့သည့် ခေါင်းနွဲ့ကျေးရွာအုပ်စု၊ ခေါင်းနွဲ့ကျေးရွာ ပြန်လည်နေရာချထားပေးနိုင်ရေး မြေနေရာရွေးချယ် ရာတွင် အသုံးပြုရန်အတွက် KBZ Group မှ ထောက်ပံ့သော သိန်းပေါင်းကျပ် ၁၈၁၃ တိတိအား ကျေးရွာရှိ ဘေးသင့်ပြည်သူများအား ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပ

၁၈-၂-၂၀၂၅

ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ၁၈-၂-၂၀၂၅ ရက်၊ ၁၀၀၀ အချိန်တွင် အကြမ်းဖက် ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦး (မြို့နယ် အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးများနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများ စုစုပေါင်းအင်အား ၆၀ ဦးတို့ တက်ရောက်ခဲ့ ကြပါသည်။ အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြို့နယ်အတွင်း ယာယီနေရပ်စွန့်ခွာသည့် အိမ်ထောင်စုများအား တစ်ဦးလျှင်ငွေကျပ် ၂၀,၀၀ဝိ/- နှုန်းဖြင့် လူဦးရေ ၅၃၂ ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် ၁၀,၆၄၀,၀၀ဝိ/- ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


Prev 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 Next

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)

  • ရုံးအမှတ်(၁၀)၊
  • ဇေယျဌာနီလမ်း၊ နေပြည်တော်
  • ဖုန်း-067 3 412793
  • Total visitors - 72192

ဌာနအကြောင်း

  • ဌာနသမိုင်းကြောင်း
  • လုပ်ငန်းတာဝန်များ
  • အသုံးချဥပဒေများ

ဝန်ဆောင်မှုကဏ္ဍ

  • မြေယာစီမံခန့်ခွဲရေး
  • ယစ်မျိုးစီမံခန့်ခွဲရေး
  • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
  • ဒေသဆိုင်ရာအချက်အလက်

မီဒီယာ

  • သတင်းများ
  • ထုတ်ပြန်ကြေညာချက်များ
  • ပြည်ထဲရေးသတင်းလွှာ
  • ဝန်ကြီးဌာန Website များ
Copyright © 2022 GENERAL ADMINISTRATION DEPARTMENT, MYANMAR