
ပြည်သူများ သက်သာချောင်ချိရေးအတွက် ကြက်ဥများ ဈေးနှုန်းချိုသာစွာရောင်းချနေမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး
၁၆-၁-၂၀၂၅ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ စည်ပင်လမ်းသစ်လမ်း၊ စံပြရန်ကင်းဈေး၌ ပြည်သူများ သက်သာချောင်ချိရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များ၊ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ကြက်ဥများ ဈေးနှုန်းချိုသာစွာရောင်းချနေမှုအခြေအနေအား (၁၆-၁-၂၀၂၅)ရက်၊ (၀၇၀၀) အချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။