အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(Home)
  • ဌာနအကြောင်း
    • ဌာနသမိုင်းကြောင်း
    • လုပ်ငန်းတာဝန်များ
    • အသုံးချဥပဒေများ
  • ဝန်ဆောင်မှုကဏ္ဍ
    • မြေယာစီမံခန့်ခွဲရေး
    • ယစ်မျိုးစီမံခန့်ခွဲရေး
    • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
    • ဒေသဆိုင်ရာအချက်အလက်
    • AML/CFT
  • သတင်းမီဒီယာ
    • သတင်းများ
    • ထုတ်ပြန်ကြေညာချက်များ
    • ပြည်ထဲရေးသတင်းလွှာ
    • ဝန်ကြီးဌာန Website များ
  • ဆက်သွယ်ရန်
  • Admin
    • Log In

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသတင်းများ

(၇၈)ကြိမ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အားကစားနှင့် ကာယပညာ ကော်မတီ ဥက္ကဋ္ဌဖလား ပြိုင်ပွဲဖွင့်ပွဲကျင်းပ

၅-၂-၂၀၂၅

ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်အားကစားကွင်းအတွင်း၌ (၅-၂-၂၀၂၅)ရက်၊ (၁၀၀၀)အချိန်တွင် (၇၈)ကြိမ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား (ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်) အားကစားပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့် (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အသင်းအဖွဲ့များ၊ အားကစားသမားများနှင့် ဘင်ခရာအဖွဲ့များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘင်ခရာ အဖွဲ့များအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကျင်းပ

၅-၂-၂၀၂၅

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ ကျောက်စိမ်းလမ်းရှိ HERMITE Co.ltd ၌ (၅-၂-၂၀၂၅)ရက်၊ (၀၉၀၀)အချိန်တွင် ပြည်သူ့ စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ် ခဲ့ရာ ဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး(မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် စက်ရုံလုပ်သားများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ ဟောပြောပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍ Power Point ဖြင့် ချပြရှင်းလင်းခြင်းများ ပြုလုပ် ခဲ့ပြီး စက်ရုံလုပ်သားများမှ သိရှိလိုသည်များ မေးမြန်းမှုအပေါ် ရှင်းလင်းဖြေကြားခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ပြည်ထောင်စုလမ်းမကြီး (တောင်ကြီး-လွိုင်လင်လမ်းပိုင်း) ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

၃၀-၁-၂၀၂၅

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကြည်မြင့်(ခရိုင်အုပ်ချုပ်ရေးမှူး) သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ လမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၃၀-၁-၂၀၂၅)ရက်၊ (၁၀၀၀)အချိန်တွင် နေမင်းရောင် ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ပြည်ထောင်စုလမ်းမကြီး (တောင်ကြီး-လွိုင်လင် လမ်းပိုင်း) ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး ခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ပြည်သူများ သက်သာချောင်ချိရေးအတွက် ကြက်ဥများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချနေမှု အခြေအနေအား ကြည့်ရှုစစ်ဆေး

၃၀-၁-၂၀၂၅

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဝင်း(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဈေးများဌာနမှူး၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၃၀-၁-၂၀၂၅)ရက်၊ (၀၇၀၀)အချိန်တွင် ဗျိုင်းရေအိုးစင်ရွာမရပ်ကွက်နှင့် ကျိုက္ကဆံလမ်းထောင့်၊ ကျောက်မြောင်းဈေးရှေ့၌ MRC ကုမ္ပဏီ ကြက်ဥဒိုင်မှ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်တို့ ပူးပေါင်း၍ ပြည်သူများ သက်သာချောင်ချိရေးအတွက် ကြက်ဥတစ်လုံးလျှင် (၃၆၅)ကျပ်နှုန်းဖြင့် ရောင်းချနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)အခမ်းအနားကျင်းပ

၂၇-၁-၂၀၂၅

ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ ခရိုင်/ မြို့နယ်စုပေါင်းရုံးအစည်းအဝေး ခန်းမ၌ (၂၇-၁-၂၀၂၅)ရက်၊ (၁၁၀၀)အချိန်တွင် ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မိုး(ခရိုင် အုပ်ချုပ်ရေးမှူး)သည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း အင်အား (၆၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူးက ဝန်ထမ်းများအား စည်းစည်းလုံးလုံးချစ်ချစ်ခင်ခင် နေထိုင်ကြရန်၊ မိမိတာဝန်ကျသည့် ဌာနစိတ် အလိုက် လုပ်ငန်းတာဝန်များ ပိုမိုသိရှိနားလည်အောင် ကြိုးစားဆောင်ရွက်သွားရန်၊ လေ့လာလို စိတ်ရှိစေရေး ကြိုးစားသွားကြရန်၊ မိမိဌာနအလုပ်အကိုင်အပေါ် စေတနာထားဆောင်ရွက်ကြရန်နှင့် အရေးကြီးထူးခြားဖြစ်စဉ်များအား အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်နိုင်ရေး အဆင့်ဆင့် ကြီးကြပ်ဆောင်ရွက်သွားရန်တို့ကို မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကျင်းပ

၂၃-၁-၂၀၂၅

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ဂန္ဓမာလမ်း၊ မြသိန်းတန်ဘုန်းတော်ကြီးသင်ပညာရေး မူလတန်းလွန်ကျောင်း၌ (၂၃-၁-၂၀၂၅)ရက်၊ (၀၈၀၀)အချိန်တွင် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တကုမာရ၊ ပထမကျော်ဓမ္မစရိယ၊ B.Sc(Maths)၊ အဘိဓဇအဂ္ဂမဟာ သဒ္ဒမ္မဇောတိက၊ နိုင်ငံတော်ဩဝါဒစရိယ၊ ပြည်တွင်းပြည်ပထေရဝါဒ ဗုဒ္ဓသာသနာပြု ဩဝါဒစရိယဆရာတော်များအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး(မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်းအင်အား(၁၅၀)ဦးတို့တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခြင်း၊ ကျောင်းသား/ ကျောင်းသူများက သီချင်းများဖြင့် သီဆိုကပြဖျော်ဖြေခြင်းနှင့် ဆုရကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြု ဆုများချီးမြှင့်ပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ကျောင်းသား/ ကျောင်းသူများအား ကြက်ဥနှင့် ကော်ဖီထုပ်များ ထောက်ပံ့ပေးအပ်

၂၃-၁-၂၀၂၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီစော(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များနှင့်အတူ (၂၃-၁-၂၀၂၅)ရက်၊ (၀၉၀၀)အချိန်တွင် အမှတ်(၁)ရပ်ကွက်၊ အခြေခံ ပညာအထက်တန်းကျောင်းရှိ G-12 ကျောင်းသား/ ကျောင်းသူများအား ကြက်ဥနှင့်ကော်ဖီထုပ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

၂၁-၁-၂၀၂၅

မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ (၂၁-၁-၂၀၂၅)ရက်၊ (၁၀၀၀)အချိန်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်း၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်းများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုအဆင့် MSMEs ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် မွန်ပြည်နယ်မှ ပါဝင်ပြသယှဉ်ပြိုင်နိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

လုပ်ငန်းခွင်မပျက် ဌာနတွင်းဥပဒေအသိပညာပေးရေးသင်တန်းဖွင့်ပွဲကျင်းပ

၂၁-၁-၂၀၂၅

မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ရာမညခန်းမ၌ (၂၁-၁-၂၀၂၅)ရက်၊ (၀၉၀၀)အချိန်တွင် လုပ်ငန်းခွင်မပျက် ဌာနတွင်းဥပဒေအသိပညာပေးရေးသင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်း၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါသင်တန်းအား (၂၁-၁-၂၀၂၅)ရက်မှ (၁၉-၂-၂၀၂၅)ရက်အထိ သင်တန်းသား/ သင်တန်းသူ (၅၂)ဦးတို့ဖြင့် ပထမအသုတ်ကို လည်းကောင်း၊ (၂၅-၂-၂၀၂၅)ရက်မှ (၂၁-၃-၂၀၂၅)ရက်အထိ သင်တန်းသား/ သင်တန်းသူ (၅၂)ဦးတို့ဖြင့် ဒုတိယအသုတ်ကိုလည်းကောင်း အပတ်စဉ်အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့များတွင် (၀၉၃၀)အချိန်မှ (၁၁၀၀)အချိန်အထိ ဖွင့်လှစ်မည်ဖြစ်ပါသည်။ သင်တန်းကို ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးတို့က ကြီးကြပ်၍ ဦးစီးအရာရှိ၊ စီမံခန့်ခွဲရေးဝန်ထမ်းအဆင့်(၁)၊ ဌာနခွဲ စာရေးနှင့် အကြီးတန်းစာရေးရာထူးအဆင့်ရှိ သင်တန်းသား/ သင်တန်းသူများအား လက်ထောက် ညွှန်ကြားရေးမှူးများက သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


Prev 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 Next

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)

  • ရုံးအမှတ်(၁၀)၊
  • ဇေယျဌာနီလမ်း၊ နေပြည်တော်
  • ဖုန်း-067 3 412793
  • Total visitors - 49168

ဌာနအကြောင်း

  • ဌာနသမိုင်းကြောင်း
  • လုပ်ငန်းတာဝန်များ
  • အသုံးချဥပဒေများ

ဝန်ဆောင်မှုကဏ္ဍ

  • မြေယာစီမံခန့်ခွဲရေး
  • ယစ်မျိုးစီမံခန့်ခွဲရေး
  • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
  • ဒေသဆိုင်ရာအချက်အလက်

မီဒီယာ

  • သတင်းများ
  • ထုတ်ပြန်ကြေညာချက်များ
  • ပြည်ထဲရေးသတင်းလွှာ
  • ဝန်ကြီးဌာန Website များ
Copyright © 2022 GENERAL ADMINISTRATION DEPARTMENT, MYANMAR