ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ နောင်ပါရင်ရပ်ကွက်ရှိ အထက(မိုင်းတုံ)ကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းအခမ်းအနားကျင်းပပြုလုပ်

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်၊ နေ့လယ် ၁ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ မိုင်းတုံ မြို့နယ်၊ နောင်ပါရင်ရပ်ကွက်ရှိ အထက(မိုင်းတုံ)ကျောင်း၌ အွန်လိုင်းဂိမ်းနှင့်ပတ်သက်၍ ငွေ လိမ်လည်မှု၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ဆက်သွယ်ရေးဥပဒေအကြောင်း၊ သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်မိုး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးအသင်း၊ အမျိုးသမီး ရေးရာအဖွဲ့ဝင်များနှင့် ကျောင်းသား/ သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။