မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်၊ ရွာလွတ်ကျေးရွာဓမ္မာရုံ၌ နယ်မြေလုံခြုံရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကွင်းဆင်းတွေ့ဆုံ

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက် နံနက် ၁၀ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်၊ ရွာလွတ်ကျေးရွာဓမ္မာရုံ၌ ချောင်းဆုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု များတွင် နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေးနှင့်ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကွင်းဆင်းတွေ့ဆုံပွဲသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာ သူ/ ကျေးရွာသားများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။