၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက် နံနက် ၇ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ မိတ္ထီလာ- တောင်ကြီး ကားလမ်းမကြီးဘေး မိုင်တိုင်အမှတ် (၁၇/၆)မှ (၁၈/၀)အတွင်း ကျင်းပပြုလုပ်သော သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင် / မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်းအင်အား (၁၀၀၀)ဦးခန့် တက်ရောက်၍ စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိပါသည်။