ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ မြို့မ(၄)ရပ်ကွက်အတွင်းရှိ နေအိမ်များအား ဧည့်စာရင်းစစ်ဆေးခြင်းဆောင်ရွက်

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက် ည ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလ မြို့နယ်၊ မြို့မ(၄)ရပ်ကွက်အတွင်းရှိ နေအိမ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်မြတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ပြည်သူ့လုံခြုံရေးအဖွဲ့များနှင့်အတူ ဧည့်စာရင်းစစ်ဆေးခြင်း၊ နယ်မြေ လုံခြုံရေးဆောင်ရွက်မှုများစစ်ဆေးခြင်း၊ ပြည်သူများသို့ မီးဘေးအန္တရာယ်အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။