အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(Home)
  • ဌာနအကြောင်း
    • ဌာနသမိုင်းကြောင်း
    • လုပ်ငန်းတာဝန်များ
    • အသုံးချဥပဒေများ
  • ဝန်ဆောင်မှုကဏ္ဍ
    • မြေယာစီမံခန့်ခွဲရေး
    • ယစ်မျိုးစီမံခန့်ခွဲရေး
    • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
    • ဒေသဆိုင်ရာအချက်အလက်
    • AML/CFT
  • သတင်းမီဒီယာ
    • သတင်းများ
    • ထုတ်ပြန်ကြေညာချက်များ
    • ပြည်ထဲရေးသတင်းလွှာ
    • ဝန်ကြီးဌာန Website များ
  • ဆက်သွယ်ရန်
  • Admin
    • Log In

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသတင်းများ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ဇွဲကပင်ခန်းမ၌ ၂၀၂၅ ခုနှစ် အတွက် (၆)ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးသော မြို့ကြီးများ ဆုအား ပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်သည့်အခမ်းအနားသို့ တက်ရောက်

၉-၁၀-၂၀၂၅

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၈ ရက် နံနက် ၉ နာရီတွင် ကရင်ပြည်နယ် ဘားအံခရိုင်၊ ဘားအံမြို့၊ အမှတ် ၄ ရပ်ကွက်ရှိ ဇွဲကပင်ခန်းမ၌ ၂၀၂၅ ခုနှစ်အတွက် (၆)ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင် ဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးသော မြို့ကြီးများဆုအား ပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမင်းဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လွင် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့ စည်ပင်သာယာခန်းမ၌ ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲ ဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်

၉-၁၀-၂၀၂၅

၂၀၂၅ ခုနှစ် အောက်တိုဘာလ ၇ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့ စည်ပင်သာယာခန်းမ၌ ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားသို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးတင်လင်း၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ Polytechnic University မှ တွဲဖက်ပါမောက္ခ၊ ကျိုင်းတုံတက္ကသိုလ်မှ တွဲဖက်ပါမောက္ခတို့နှင့်အတူ တက်ရောက်ဆွေးနွေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်တွင် ကျင်းပပြုလုပ်သည့် (၆၆)ကြိမ်မြောက် မြို့လုံးကျွတ်ဆွမ်းဆန်စိမ်း လောင်းလှူပွဲအခမ်းအနားသို့ ကျင်းပြုလုပ်

၉-၁၀-၂၀၂၅

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၇ ရက် နေ့လယ် ၂ နာရီတွင် ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင် မြို့နယ်တွင် ကျင်းပပြုလုပ်သည့် (၆၆)ကြိမ်မြောက် မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပြီး သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်၊ ချောင်းဆုံခရိုင်၊ ချောင်းဆုံမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာထားရှိမှုအား သွားရောက် ကြည့်ရှုစစ်ဆေး

၂-၁၀-၂၀၂၅

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်၊ နေ့လည် ၁ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ချောင်းဆုံ ခရိုင်၊ ချောင်းဆုံမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာထားရှိမှုအခြေအနေအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဝင်းသည် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဝင်များနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုများတွင် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာထားရှိမှုအား သွားရောက် ကြည့်ရှုစစ်ဆေး

၂-၁၀-၂၀၂၅

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက် နေ့လည် ၁ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုများတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာထားရှိမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်လွင်နှင့်အဖွဲ့ဝင်များသည် မြို့နယ်ရွေးကောက်ပွဲအဖွဲ့ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စုတွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာထားရှိမှုအား သွားရောက် ကြည့်ရှုစစ်ဆေး

၂-၁၀-၂၀၂၅

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စုတွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာထားရှိမှုအခြေအနေအား မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးကျော် ဦးဆောင်၍ အဖွဲ့ဝင် ဗိုလ်မှူး ဝင်းကျော်ဦးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် ကြီးကြပ်ရေးအဖွဲ့ဝင်များ စုစုပေါင်း ၇ ဦးနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး များတွင် မဲဆန္ဒရှင်စာရင်း ကြေညာထားရှိမှုနှင့် လုံခြုံရေးအခြေအနေများအား ကွင်းဆင်းစစ်ဆေး

၂-၁၀-၂၀၂၅

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်၊ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် မဲဆန္ဒရှင်စာရင်း ကြေညာထားရှိမှုအား ဗိုလ်တထောင်ခရိုင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေး ဆိုင်ရာကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး လှဘုန်းကျော်၊ မြို့နယ်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးထက်နှင့်အဖွဲ့ဝင် ၇ ဦး၊ မြို့နယ်ရဲတပ်ဖွဲ့ဝင် ၅ ဦးတို့မှ ရပ်ကွက်နေ ပြည်သူများမဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရှုမှုနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများ၌ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းကြေညာထားရှိ မှုအား ကြည့်ရှုစစ်ဆေး

၁-၁၀-၂၀၂၅

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက် နံနက် ၇ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ် မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများ၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းကြေညာထားရှိမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးလွင် ဦးဆောင်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ တုံကွမ်ကျေးရွာ၊ ရွာလယ်ခန်းမဆောင်၌ ပြည်နယ် အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေမှ မွေးမြူရေးဘဏ်စနစ်ဖြင့် ဝယ်ယူဖြန့်ဖြူးသည့် ဒေသနွားများလွှဲပြောင်း ပေးအပ်ပွဲသို့ တက်ရောက်

၁-၁၀-၂၀၂၅

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက် နေ့လယ် ၁ နာရီတွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံ မြို့နယ်၊ တုံကွမ်ကျေးရွာ၊ ရွာလယ်ခန်းမဆောင်၌ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေမှ မွေးမြူရေးဘဏ်စနစ်ဖြင့် ဝယ်ယူဖြန့်ဖြူးသည့် တိရစ္ဆာန်မျိုးကောင်းမျိုးသန့်ဒေသနွား (နွားပြာစိမ်းအမ) ၁၀ ကောင်အား ကျေးရွာကော်မတီထံ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ ပြည်နယ် အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ နှင့်အတူ တက်ရောက်ခဲ့ပြီး ဒေသခံပြည်သူများအား ဒေသနွားများလွှဲပြောင်းပေးအပ်မှုစာချုပ်စာတမ်း များနှင့်အတူ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


Prev 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 Next

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)

  • ရုံးအမှတ်(၁၀)၊
  • ဇေယျဌာနီလမ်း၊ နေပြည်တော်
  • ဖုန်း-067 3 412793
  • Total visitors - 72192

ဌာနအကြောင်း

  • ဌာနသမိုင်းကြောင်း
  • လုပ်ငန်းတာဝန်များ
  • အသုံးချဥပဒေများ

ဝန်ဆောင်မှုကဏ္ဍ

  • မြေယာစီမံခန့်ခွဲရေး
  • ယစ်မျိုးစီမံခန့်ခွဲရေး
  • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
  • ဒေသဆိုင်ရာအချက်အလက်

မီဒီယာ

  • သတင်းများ
  • ထုတ်ပြန်ကြေညာချက်များ
  • ပြည်ထဲရေးသတင်းလွှာ
  • ဝန်ကြီးဌာန Website များ
Copyright © 2022 GENERAL ADMINISTRATION DEPARTMENT, MYANMAR