ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့ စည်ပင်သာယာခန်းမ၌ ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲ ဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၅ ခုနှစ် အောက်တိုဘာလ ၇ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့ စည်ပင်သာယာခန်းမ၌ ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားသို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးတင်လင်း၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ Polytechnic University မှ တွဲဖက်ပါမောက္ခ၊ ကျိုင်းတုံတက္ကသိုလ်မှ တွဲဖက်ပါမောက္ခတို့နှင့်အတူ တက်ရောက်ဆွေးနွေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

အသေးစိတ်အချက်အလက်များဖတ်ရှုရန်...