ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ တုံကွမ်ကျေးရွာ၊ ရွာလယ်ခန်းမဆောင်၌ ပြည်နယ် အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေမှ မွေးမြူရေးဘဏ်စနစ်ဖြင့် ဝယ်ယူဖြန့်ဖြူးသည့် ဒေသနွားများလွှဲပြောင်း ပေးအပ်ပွဲသို့ တက်ရောက်

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက် နေ့လယ် ၁ နာရီတွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံ မြို့နယ်၊ တုံကွမ်ကျေးရွာ၊ ရွာလယ်ခန်းမဆောင်၌ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေမှ မွေးမြူရေးဘဏ်စနစ်ဖြင့် ဝယ်ယူဖြန့်ဖြူးသည့် တိရစ္ဆာန်မျိုးကောင်းမျိုးသန့်ဒေသနွား (နွားပြာစိမ်းအမ) ၁၀ ကောင်အား ကျေးရွာကော်မတီထံ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ ပြည်နယ် အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ နှင့်အတူ တက်ရောက်ခဲ့ပြီး ဒေသခံပြည်သူများအား ဒေသနွားများလွှဲပြောင်းပေးအပ်မှုစာချုပ်စာတမ်း များနှင့်အတူ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

အသေးစိတ်အချက်အလက်များဖတ်ရှုရန်...