ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် (၃၇)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် အငြိမ်းစားဝန်ထမ်းများအား စားသုံးဆီနှင့် ထောက်ပံ့ ငွေများပေးအပ်ခြင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဆုရရှိသောဝန်ထမ်းများအား
၈-၁၁-၂၀၂၅၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ဧရာသီရိသုခခန်းမတွင် (၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် အငြိမ်းစား ဝန်ထမ်းများအား စားသုံးဆီနှင့်ထောက်ပံ့ငွေများပေးအပ်ခြင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဆုရရှိသော ဝန်ထမ်းများအား ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်ဦးဆောင်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ အငြိမ်းစားဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေး မှူးများ၊ ဝန်ထမ်းများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။