
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက် နံနက် ၉ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ ပြည်သူ့ဆေးရုံကြီး(သွေးလှူဘဏ်)တွင် (၃၇)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဦးဆောင်၍ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရည်မွန်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပြီး သွေးလှူဒါန်းသူ ဝန်ထမ်းစုစုပေါင်း ၉ ဦးအား စားသောက်ဖွယ်ရာ များပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။