ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ဒုတိယအကြိမ် မဲစာရင်းကြေညာရာတွင် မဲစာရင်းမှန်ကန်မှုရှိစေရေးအတွက် ပုံစံ ၃(က)၊ ပုံစံ(၄) ဖြည့်သွင်းဆောင်ရွက် နေမှုအား ကွင်းဆင်းစစ်ဆေး

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက် နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ဒုတိယအကြိမ်မဲစာရင်းကြေညာရာတွင် မဲစာရင်းမှန်ကန်မှု ရှိစေရေးအတွက် ပုံစံ ၃(က)၊ ပုံစံ(၄) ဖြည့်သွင်းဆောင်ရွက်နေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့် ဦးဆောင်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဥမ္မာအောင်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ခရိုင်ဦးစီးမှူး ဦးသိန်းနိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့နှင့်အတူ ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။