
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက် နံနက် ၉ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊ ပိန္နဲတောရပ်ကွက်၊ ယိုးဒယားဘုန်းတော်ကြီးကျောင်း၌ (၃၇)နှစ်မြောက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် သံဃာတော်အရှင်သူမြတ်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးအောင်ချိုနှင့်ဇနီး၊ အရာထမ်း /အမှုထမ်းများမှ ဆန်၊ ဆီနှင့် အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ တရားတော်နာယူခြင်း၊ ရေစက်ချ အမျှပေးဝေခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။