
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေး ခန်းမ၌ လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းနှင့် မြေပြင် လူဦးရေ စိစစ်အတည်ပြုနိုင်ရေးအတွက် လုပ်ငန်းစဉ်များရှင်းလင်းခြင်းအခမ်းအနားကျင်းပ
၁၀-၃-၂၀၂၅၂၀၂၅ ခုနှစ်၊ မတ်လ ၁၀ ရက် နံနက် ၁၀ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးခြင်းနှင့် မြေပြင်လူဦးရေစိစစ်အတည်ပြုနိုင်ရေးအတွက် လုပ်ငန်းစဉ်များ ရှင်းလင်းခြင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်လွင်၊ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီဝင်များ၊ မြေပြင်တစ်အိမ် တက်/တစ်အိမ်ဆင်း ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့တွင် တာဝန်ပေးအပ်ခြင်းခံရသည့် ဌာန ဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။