ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ထောင်တလုပ်ရပ်ကွက်၊ ငမိုးရိပ်ရေထိန်းတံခါးတွင် ငါးမျိုးစိုက်ထည့်သည့် အခမ်းအနားကျင်းပ

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက် နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ထောင်တလုပ်ရပ်ကွက်၊ ငမိုးရိပ်ရေထိန်းတံခါးတွင် ငါးလုပ်ငန်းဦးစီး ဌာနမှ ငါးသယံဇာတများရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် ငါးလုပ်ငန်းများကိုစဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်၍ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ၂ လက်မအရွယ် ငါးသားပေါက် ကောင်ရေနှစ်သိန်းအား ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ ခေတ္တဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစီးအရာရှိ ဦးကျော်‌ဆွေ၊ သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများနှင့်အတူ ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သတင်းရရှိပါသည်။