ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ရှိ ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် အားကစားကွင်း အုတ်တံတိုင်းကာရံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက် နံနက် ၁၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ရှိ ၂ဝ၂၅ - ၂ဝ၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် အားကစားကွင်း အရှေ့ဘက်ခြမ်း၌ အုတ်တံတိုင်းကာရံခြင်းအတွက် ခွင့်ပြုငွေကျပ်သန်း ၉၁.၆၅ဝ ဖြင့် ဆောင်ရွက်လျက် ရှိသည့် တည်ဆောက်ရေးလုပ်ငန်း ၆၀% ပြီးစီးမှုအား ခရိုင်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသူအောင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ကွင်းဆေးစစ်ဆေးခဲ့ကြောင်း သတင်းရရှိ ပါသည်။