ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ နောင်ကုန်ကျေးရွာအုပ်စု၊ သဲဆိုင်းကျေးရွာ၊ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန သင်တန်းကျောင်းတွင် "ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း (၃)မျိုး" ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံ မြို့နယ်၊ နောင်ကုန်ကျေးရွာအုပ်စု၊ သဲဆိုင်းကျေးရွာရှိ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန သင်တန်းကျောင်းတွင် ကျင်းပပြုလုပ်သော "ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း(၃)မျိုး" ဖွင့်ပွဲ အခမ်းအနားသို့ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးတင်လင်း၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး၊ ဟိုတယ်နှင့် ခရီးသွားလာရေးဦးစီးဌာန၊ သင်တန်းနည်းပြများ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ဟိုတယ် လုပ်ငန်းရှင်များနှင့် သင်တန်းသား/သူ စုစုပေါင်းအင်အား ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။