အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(Home)
  • ဌာနအကြောင်း
    • ဌာနသမိုင်းကြောင်း
    • လုပ်ငန်းတာဝန်များ
    • အသုံးချဥပဒေများ
  • ဝန်ဆောင်မှုကဏ္ဍ
    • မြေယာစီမံခန့်ခွဲရေး
    • ယစ်မျိုးစီမံခန့်ခွဲရေး
    • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
    • ဒေသဆိုင်ရာအချက်အလက်
  • သတင်းမီဒီယာ
    • သတင်းများ
    • ထုတ်ပြန်ကြေညာချက်များ
    • ပြည်ထဲရေးသတင်းလွှာ
    • ဝန်ကြီးဌာန Website များ
  • ဆက်သွယ်ရန်
  • Admin
    • Log In

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသတင်းများ

မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဓါတ်မြေဩဇာထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတက်ရောက်

၈-၈-၂၀၂၃

ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးတောင်သူများ၊ စုစုပေါင်းအင်းအား(၄၀)ဦးနှင့်အတူ(၈-၈-၂၀၂၃)ရက်၊ (၁၀၀၀) အချိန်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သော မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ဓါတ်မြေဩဇာထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး အတွက် ဓါတ်မြေဩဇာထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်းနှင့် တောင်သူများအနေဖြင့် ဆန်ဖူလုံမှု၊ ဆီဖူလုံမှုပြည့်မီစေရေး ပန်းတိုင်အထွက်နှုန်းတိုးတက်အောင် ဝိုင်းဝန်းကြိုပမ်းဆောင်ရွက်ပေးကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်း

၈-၈-၂၀၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ မိုင်းရယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင် (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စုစုပေါင်းအင်အား (၁၂၀)ဦးနှင့်အတူ (၈-၈-၂၀၂၃) ရက်၊ (၀၇၃၀) အချိန်တွင် မိုင်းရယ်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ဆုတောင်းပြည့် မြို့လယ်မဟာဗောဓိ ရွှေစေတီနှင့် ဘုရားကိုးဆူစေတီတို့ကို‌ ‌ရေသပ္ပာယ်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ကျေးရွာအတွင်းရှိ လမ်းများပြုပြင်ရန်လိုအပ်သောနေရာများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

၇-၈-၂၀၂၃

ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ (၇-၈-၂၀၂၃)ရက်၊ (၁၀၀၀) အချိန်တွင် လောက်ကိုင်မြို့၊ ထင်ပါကျိုင်းကျေးရွာအုပ်စု၊ မန်ခါးကျေးရွာအတွင်းရှိ လမ်းများပြုပြင်ရန်လိုအပ်သောနေရာများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ကိုဗစ် –၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု အခြေအနေအား ကြည့်ရှုအားပေး

၇-၈-၂၀၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ကျိုင်းတုံ)ရုံး၌ (၇-၈-၂၀၂၃)ရက်၊ (၀၉၀၀) အချိန်တွင် ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများအား ကိုဗစ် –၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုအခြေအနေအား ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်(ညွှန်ကြားရေးမှူး)မှ ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတက်ရောက်

၆-၈-၂၀၂၃

ရှမ်းပြည်နယ်၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံး၊ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝင်းသည် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ (၆-၈-၂၀၂၃)ရက်၊ (၀၉၀၀) အချိန်တွင် ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ မြို့မသာသနာ့ရောင်ခြည် ကျောင်းတိုက်တွင် ကျင်းပပြုလုပ်သော (၁၃)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲနှင့် ဆွမ်း၊ ဆန်၊ ဆီ၊ ဆေး၊ ဆား စုပေါင်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းအပါအဝင် (၃၉) ကျောင်းမှ သံဃာတော်နှင့် သီလရှင် တို့အား ဝါဆိုသင်္ကန်းနှင့် အလှူဝတ္ထုများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

စုပေါင်းဝါဆိုသင်္ကန်းကပ်လှူခြင်း အခမ်းအနားကျင်းပ

၂-၈-၂၀၂၃

ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့၊ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတိုက်၌ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူခြင်း အခမ်းအနားကို (၂-၈-၂၀၂၃)ရက်၊ (၀၉၃၀) အချိန်တွင် ကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင် (မြို့နယ် အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ/ မြို့ဖများ၊ အလှူရှင်များနှင့်အတူ မိုင်းဖြတ်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်း(၅၅)ကျောင်းမှ ဆရာတော်၊ သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်းကပ်လှူခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

ဝါဆိုသင်္ကန်းနှင့်ဝါဆိုပန်းဆက်ကပ်လှူဒါန်းခြင်းနှင့် ရေစက်ချပွဲအခမ်းအနားကျင်းပ

၂-၈-၂၀၂၃

ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့၊ အမှတ်(၂)ရပ်ကွက်ရှိဈေးဓမ္မာရုံ၌ (၉၂)ကြိမ်မြောက် ဝါဆိုသင်္ကန်းနှင့်ဝါဆိုပန်းဆက်ကပ်လှူဒါန်းခြင်းနှင့် ရေစက်ချပွဲအခမ်းအနားကို (၂-၈-၂၀၂၃)ရက်၊ (၁၄၀၀) အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ဦး (ခရိုင်အုပ်ချုပ်ရေးမှူး)သည် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ခရိုင်/ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဈေးဓမ္မာရုံနာယကကြီးများ၊ စေတနာရှင်များ နှင့်အတူ စုစုပေါင်း(၆၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ပြည်လုံးချမ်းသာ ကျောင်းတိုက် မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော်ထံမှ ငါးပါးသီလခံယူခြင်း၊ သာဓုအနုမောဒနာ တရားဟောကြားခြင်း၊ အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူပူဇော်ခြင်း၊ ဆရာတော်၊ သံဃာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ ရေစက်သွန်းချအမျှဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

လမ်းညွှန်များ၊ လမ်းအမှတ်အသားများနှင့် အချက်ပြဆိုင်းဘုတ်များ တစ်ပြေးညီဖြစ်စေရေးအတွက် လမ်းညွှန်ဆိုင်းဘုတ်များ ဆောင်ရွက်နေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှု

၂-၈-၂၀၂၃

ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ် လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့-၄နှင့် မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၂-၈-၂၀၂၃)ရက်၊ (၁၀၀၀)အချိန်တွင် မြို့နယ်အတွင်းရှိ ပြည်ထောင်စုလမ်းမကြီးပေါ်၌ ၂၀၂၂ခုနှစ်၏ လမ်းညွှန်များ၊ လမ်းအမှတ်အသားများနှင့် အချက်ပြဆိုင်းဘုတ်များ တစ်ပြေးညီဖြစ်စေရေးအတွက် လမ်းညွှန်ဆိုင်းဘုတ်များ ဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အောင်ဇမ္ဗူဆုတောင်းပြည့်စေတီတော်မြတ်အား အုတ်မြစ်ချမဟာမင်္ဂလာအခမ်းအနားကျင်းပ

၁-၈-၂၀၂၃

ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင် (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းထိုင်ဆရာတော်နှင့် ဆရာတော်၊ သံဃာတော်များ၊ အလှူရှင်များနှင့်အတူ (၁-၈-၂၀၂၃)ရက်၊ (၀၉၀၀)အချိန်တွင် မိုင်းဖြတ်မြို့၊ ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို)ကျောင်းတိုက်၌ အောင်ဇမ္ဗူဆုတောင်းပြည့်စေတီတော်မြတ်အား အသစ်ပြန်လည်တည်ထား ကိုးကွယ်ရန်အတွက် အုတ်မြစ်ချမဟာမင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


Prev 1 2 3 4 5 6 7 8 9 10 11 12 13 Next

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)

  • ရုံးအမှတ်(၁၀)၊
  • ဇေယျဌာနီလမ်း၊ နေပြည်တော်
  • ဖုန်း-067 3 412793
  • Total visitors - 6244

ဌာနအကြောင်း

  • ဌာနသမိုင်းကြောင်း
  • လုပ်ငန်းတာဝန်များ
  • အသုံးချဥပဒေများ

ဝန်ဆောင်မှုကဏ္ဍ

  • မြေယာစီမံခန့်ခွဲရေး
  • ယစ်မျိုးစီမံခန့်ခွဲရေး
  • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
  • ဒေသဆိုင်ရာအချက်အလက်

မီဒီယာ

  • သတင်းများ
  • ထုတ်ပြန်ကြေညာချက်များ
  • ပြည်ထဲရေးသတင်းလွှာ
  • ဝန်ကြီးဌာန Website များ
Copyright © 2022 GENERAL ADMINISTRATION DEPARTMENT, MYANMAR