ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့အတွင်းရှိ ရပ်ကွက်များ၌ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် ပထမအကြိမ်မဲဆန္ဒရှင်စာရင်းကြေညာနိုင်ရေး မြေပြင် လုပ်ငန်းဆောင်ရွက်ချက်များအား ကွင်းဆင်းစစ်ဆေး

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက် နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ မိုင်းတုံ မြို့အတွင်းရှိ ရပ်ကွက်များ၌ ပထမအကြိမ်မဲဆန္ဒရှင်စာရင်းကြေညာနိုင်ရေးအတွက် မြေပြင်လုပ်ငန်း ဆောင်ရွက်ချက်များနှင့် ဆန္ဒမဲပေးနိုင်ရေး သတ်မှတ်နေရာများတွင် မဲဆန္ဒရှင်စာရင်းကြေညာရန် ဆောင်ရွက်ထားရှိမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

အသေးစိတ်အချက်အလက်များဖတ်ရှုရန်...