ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မဲစာရင်းများ မှန်ကန်စေရေးနှင့် သတ်မှတ်ရက်အတွင်း မဲစာရင်းများကြေညာနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေ နှင့်ပတ်သက်၍ အစည်းအဝေးကျင်းပပြုလုပ်

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲစာရင်းများမှန်ကန်စေရေးနှင့် သတ်မှတ်ရက်အတွင်း မဲဆန္ဒရှင်စာရင်းများ ကြေညာနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေနှင့်ပတ်သက်၍ ကျင်းပပြုလုပ်သည့် အစည်းအဝေးသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်း (လက်ထောက်ညွှန်ကြားရေးမှူး)၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အတူ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

အသေးစိတ်အချက်အလက်များဖတ်ရှုရန်...