
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များ၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းဆိုင်များနှင့် သိုလှောင်ရုံနေရာများအား တရားမဝင် ဈေး
၉-၅-၂၀၂၅၂၀၂၅ ခုနှစ် မေလ ၉ ရက် နံနက် ၉နာရီ ၃၀ မိနစ်တွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များ တရားမဝင် ဈေးနှုန်းဖြင့် အမြတ်တင်ရောင်းချသောဆိုင်များမရှိစေရေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နုသည် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ အလားတူ ၂၀၂၅ ခုနှစ် မေလ ၉ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၉) ရပ်ကွက်အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းဆိုင်များနှင့် သိုလှောင်ရုံနေရာများအား ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားခြင်း၊ ရောင်းချခြင်းမရှိဘဲ ကြာရှည်သိုလှောင်ထားခြင်းများမရှိစေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မရှိစေရေး မြို့နယ်မြေပြင်ကွင်းဆင်းကြပ်မတ်ရေးအဖွဲ့ ခေါင်းဆောင်ကိုယ်စား ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောသန့်ဇင်ဦးသည် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။