ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လဲချားမြို့၊ အမှတ်(၄)ရပ်ကွက်၊ သီရိဟံသာခန်းမတွင် မြန်မာအီလက် ထရောနစ်မဲပေးစက် MEVM ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ မဲဆန္ဒရှင်များအား အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပပြုလုပ်

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လဲချားမြို့၊ အမှတ်(၄)ရပ်ကွက်၊ သီရိဟံသာခန်းမတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာ မဲဆန္ဒရှင်များအား အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်အဆင့်သက်ဆိုင်ရာဌာန တာဝန်ရှိသူများ၊ စုစုပေါင်းအင်အား ၂၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။