ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့၊ အလယ်ရပ်ကွက်၌ (MEVM) မဲပေးစက် ကိုင်တွယ် အသုံးပြု နည်းဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့်လက်တွေ့စမ်းသပ် မဲပေးခြင်းအခမ်းအနား ကျင်းပပြုလုပ်

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက် နေ့လယ် ၁ နာရီတွင် ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့၊ အလယ်ရပ်ကွက်၌ ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူများမဲပေးရာ၌ လွယ်ကူအဆင်ပြေစေရေးအတွက် ရွေးကောက်ပွဲတွင်အသုံးပြုမည့် (MEVM) မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်း အင်အား ၂၅၀ ဦးခန့်နှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။