
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး
၂၂-၃-၂၀၂၅၂၀၂၅ ခုနှစ်၊ မတ်လ ၂၂ ရက် နံနက် ၉ နာရီတွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးမြို့၊ အ.ထ.က (၁)စာစစ်ဌာန၌ ကျောင်းသား/သူများ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုအခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲနီထွန်းသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူ များနှင့်အတူ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း၊ အလားတူ မတ်လ ၂၂ ရက် နံနက် ၈ နာရီ ၄၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ အ.ထ.က (ထန်းတပင်) စာစစ်ဌာန၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုအခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဦးသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာန များမှ တာဝန်ရှိသူများနှင့်အတူ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။