ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်၌ လေပွေတိုက်ခတ်၍ သစ်ပင်များလမ်းမ ပေါ်သို့ လဲကျနေမှုအား ဖယ်ရှားရှင်းလင်းခြင်းဆောင်ရွက်

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက် နံနက် ၇ နာရီ ၁၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်၊ သင်္ဘောကျင်းရပ်ကွက်၊ ယမုံနာလမ်းမကြီး၊ Water Boom ရှေ့တွင် လေပွေတိုက်ခတ်၍ အမြစ်မခိုင်ဘဲ လမ်းမပေါ်သို့လဲကျနေသည့် စိန်ပန်းပင်နှင့်ကုက္ကိုပင်များကို မီးငြိမ်းသတ်ယာဉ်(၁)စီးဖြင့် မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့် ပရဟိတ အဖွဲ့ဝင်များမှ ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးထက်နှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်စည်ပင်သာယာရေးမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှင်းလင်းဆောင်ရွက်နေသူများအား ငွေကျပ်တစ်သိန်း ပံ့ပိုးကူညီခဲ့ကြောင်း သတင်းရရှိပါသည်။