၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက် နံနက် ၇ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၅) ရပ်ကွက်နှင့် ညောင်ကျေးရွာတို့တွင် သွေးလွန်တုပ်ကွေး ရောဂါမဖြစ်စေရန် ကြိုတင်ကာကွယ်သည့်အနေဖြင့် နေအိမ်ပတ်ဝန်းကျင်တို့တွင် ခြင်ဆေးဖျန်းခြင်း၊ ရေသိုလှောင်ကန်များတွင် အဘိတ်ဆေးခတ်ခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဘော် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။