၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက် နံနက် ၈ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဈေးကြို ရပ်ကွက်၊ သံလွင်သန်းဟိုတယ်(ရာမည)၌ ကျင်းပပြုလုပ်သည့် ပြည်နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း၊ မြန်မာနိုင်ငံအိမ်ခြံမြေဖွံ့ဖြိုး တိုးတက်ရေး အသင်း၊ အဖိုးတန် သတ္တု(ရွှေ)ရောင်းဝယ်ရေးအသင်းတို့ ပူးပေါင်းကျင်းပသော AML/CFL အသိပညာပေး မြှင့်တင်ရေးသင်တန်းဖွင့်ပွဲသို့ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတိုးလွင်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနိုင်နှင့် အသင်းဝင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။