အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(Home)
  • ဌာနအကြောင်း
    • ဌာနသမိုင်းကြောင်း
    • လုပ်ငန်းတာဝန်များ
    • အသုံးချဥပဒေများ
  • ဝန်ဆောင်မှုကဏ္ဍ
    • မြေယာစီမံခန့်ခွဲရေး
    • ယစ်မျိုးစီမံခန့်ခွဲရေး
    • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
    • ဒေသဆိုင်ရာအချက်အလက်
    • AML/CFT
  • သတင်းမီဒီယာ
    • သတင်းများ
    • ထုတ်ပြန်ကြေညာချက်များ
    • ပြည်ထဲရေးသတင်းလွှာ
    • ဝန်ကြီးဌာန Website များ
  • ဆက်သွယ်ရန်
  • Admin
    • Log In

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသတင်းများ

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက်သော ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းနှင့် Box Culvert တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

၁၈-၉-၂၀၂၅၅

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သော ကော့ထင်းစံပြကျေးရွာ၊ ကံနီလမ်းကတ္တရာခင်းခြင်းလုပ်ငန်းနှင့် Box Culvert တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင် ဦးဆောင်၍ ခရိုင်၊ မြို့နယ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီဝင်များနှင့်အတူ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ တောင်ရပ်ကွက်၊ မြို့လယ်ဘုရားတွင် ရပ်ကွက်နေမဲဆန္ဒရှင် ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်းနှင့် လက်တွေ့ စမ်းသပ်မဲပေးခြင်းဆိုင်ရာ အသိပညာပေးခြင်းအခမ်းအနား ကျင်းပပြုလုပ်

၁၈-၉-၂၀၂၅

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက် နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ တောင်ရပ်ကွက်၊ မြို့လယ်ဘုရားတွင် ရပ်ကွက်နေမဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆိုင်ရာ အသိပညာ ပေးခြင်းအခမ်းအနားသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ အရန်မီးသတ်အဖွဲ့ဝင်များနှင့်အတူ တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၊ အ.ထ.က(၃)၌ “ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်” ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

၁၈-၉-၂၀၂၅

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၊ အ.ထ.က (၃)၌ "ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်" ဖွင့်ပွဲအခမ်းအနားသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့်အတူ တက်ရောက်အားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ ဇယသုခ ဆွမ်းလောင်းဓမ္မာရုံတွင် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းဆိုင်ရာ အသိပညာပေးခြင်း အခမ်းအနား ကျင်

၁၇-၉-၂၀၂၅

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက် နံနက် ၉ နာရီ ၃၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ နဝဒေးလမ်း၊ ဇယသုခ ဆွမ်းလောင်းဓမ္မာရုံ တွင် ရပ်ကွက်နေ မဲဆန္ဒရှင်ပြည်သူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရှိ တာဝန်ရှိသူ များမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းဆိုင်ရာအသိပညာပေးခြင်း အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းထွန်းတို့ တက်ရောက်ခဲ့ကြောင်းသတင်း ရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာလာသူများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

၁၇-၉-၂၀၂၅

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးအစည်းအဝေး ခန်းမတွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာလာသည့် ပြည်သူ ၁၉၂ ဦး အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့သည့် ဆန်၊ ဆီ၊ ဆား၊ ပဲ(တစ်ပတ်စာ)ပေးအပ်ခြင်းအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူး‌ကျော်နှင့် အဖွဲ့ဝင်များမှ တက်ရောက်၍ ထောက်ပံ့ပစ္စည်းများ ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ညောင်ရွှေမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ၏ နယ်မြေတည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် စပ်လျဉ်း၍ ကွင်းဆင်းဆောင်ရွက်

၁၇-၉-၂၀၂၅

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက် နေ့လယ် ၁ နာရီတွင် ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ညောင်ရွှေမြို့နယ်၊ တောင်ပို့ကြီးကျေးရွာအုပ်စု၊ ပေါင်းပိုင်းကျေးရွာရှိ ပေါင်းပိုင်းတောင်ပေါ်ကျောင်း၌ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်ကိစ္စရပ်များ ကွင်းဆင်းဆောင်ရွက်ခြင်းအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာလင်း ဦးဆောင်၍ မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ် ကျေးလက်လမ်းဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အင်းလေးကန်တောရိုင်း တရိစ္ဆာန်ဘေးမဲ့တောဦးစီးဌာန၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံ ပြည်သူများ စုစုပေါင်းအင်အား ၂၅၀ ဦးခန့် တက်ရောက်ခဲ့ပြီး ဒေသခံပြည်သူများမှ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက် တင်ပြမှုများအား သက်ဆိုင်ရာဌာနများနှင့်အတူ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ မြို့လယ်ကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်

၁၅-၉-၂၀၂၅

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက် နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင် မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ မြို့လယ်ကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်သည့် ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်းပညာရပ်များတတ်မြောက်၍ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရေးနှင့် ဝင်ငွေတိုးပွားစေရေးအတွက် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ သင်တန်းသား/သူများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၊ အမှတ်(၉) ရပ်ကွက်၊ ရန်ကုန်တက္ကသိုလ်ဝင်း၊ ဝိဇ္ဇာခန်းမတွင် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) ကိုင်တွယ် အသုံးပြုနည်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆိုင်ရာ အသိပညာပေးခြင်းအခမ်းအနား ကျင

၁၅-၉-၂၀၂၅

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက် နံနက် ၉ နာရီ ၃၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ ရန်ကုန်တက္ကသိုလ်ဝင်း၊ ဝိဇ္ဇာခန်းမတွင် မဲဆန္ဒရှင် ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆိုင်ရာ အသိပညာပေးခြင်းအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကောင်းမြင့်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများမှ လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ အမှတ်(၅) အောင်မင်္ဂလာရပ်ကွက်ရှိ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) ကိုင်တွယ် အသုံးပြုနည်းနှင် လက်တွေ့စမ်းသပ် မဲပေးခြင်းဆိုင်ရာ အသိပညာပေးခြင်းအခမ်းအနား ကျင်းပ ပြုလုပ်

၁၄-၉-၂၀၂၅

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက် နံနက် ၉ နာရီ တွင် ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ အမှတ်(၅) အောင်မင်္ဂလာရပ်ကွက်ရှိ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်အတွင်းရှိ ကျောင်း ၄၂ ကျောင်းမှ ဆရာ/ဆရာမများအား ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ် အသုံးပြုနည်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆိုင်ရာ အသိပညာပေးခြင်းအခမ်းအနားသို့ ပြည်နယ် အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်) ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်း၊ မြို့နယ် စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိ သူများ၊ ဆရာ/ ဆရာမများ စုစုပေါင်းအင်အား ၁၇၀၀ ဦး တက်ရောက်ခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။


Prev 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 Next

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)

  • ရုံးအမှတ်(၁၀)၊
  • ဇေယျဌာနီလမ်း၊ နေပြည်တော်
  • ဖုန်း-067 3 412793
  • Total visitors - 77129

ဌာနအကြောင်း

  • ဌာနသမိုင်းကြောင်း
  • လုပ်ငန်းတာဝန်များ
  • အသုံးချဥပဒေများ

ဝန်ဆောင်မှုကဏ္ဍ

  • မြေယာစီမံခန့်ခွဲရေး
  • ယစ်မျိုးစီမံခန့်ခွဲရေး
  • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
  • ဒေသဆိုင်ရာအချက်အလက်

မီဒီယာ

  • သတင်းများ
  • ထုတ်ပြန်ကြေညာချက်များ
  • ပြည်ထဲရေးသတင်းလွှာ
  • ဝန်ကြီးဌာန Website များ
Copyright © 2022 GENERAL ADMINISTRATION DEPARTMENT, MYANMAR