၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးအစည်းအဝေး ခန်းမတွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာလာသည့် ပြည်သူ ၁၉၂ ဦး အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့သည့် ဆန်၊ ဆီ၊ ဆား၊ ပဲ(တစ်ပတ်စာ)ပေးအပ်ခြင်းအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးကျော်နှင့် အဖွဲ့ဝင်များမှ တက်ရောက်၍ ထောက်ပံ့ပစ္စည်းများ ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။