
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက် နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင် မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ မြို့လယ်ကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်သည့် ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်းပညာရပ်များတတ်မြောက်၍ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရေးနှင့် ဝင်ငွေတိုးပွားစေရေးအတွက် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ သင်တန်းသား/သူများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။