၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက် နံနက် ၉ နာရီ တွင် ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ အမှတ်(၅) အောင်မင်္ဂလာရပ်ကွက်ရှိ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်အတွင်းရှိ ကျောင်း ၄၂ ကျောင်းမှ ဆရာ/ဆရာမများအား ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ် အသုံးပြုနည်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆိုင်ရာ အသိပညာပေးခြင်းအခမ်းအနားသို့ ပြည်နယ် အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်) ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်း၊ မြို့နယ် စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိ သူများ၊ ဆရာ/ ဆရာမများ စုစုပေါင်းအင်အား ၁၇၀၀ ဦး တက်ရောက်ခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။