အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(Home)
  • ဌာနအကြောင်း
    • ဌာနသမိုင်းကြောင်း
    • လုပ်ငန်းတာဝန်များ
    • အသုံးချဥပဒေများ
  • ဝန်ဆောင်မှုကဏ္ဍ
    • မြေယာစီမံခန့်ခွဲရေး
    • ယစ်မျိုးစီမံခန့်ခွဲရေး
    • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
    • ဒေသဆိုင်ရာအချက်အလက်
    • AML/CFT
  • သတင်းမီဒီယာ
    • သတင်းများ
    • ထုတ်ပြန်ကြေညာချက်များ
    • ပြည်ထဲရေးသတင်းလွှာ
    • ဝန်ကြီးဌာန Website များ
  • ဆက်သွယ်ရန်
  • Admin
    • Log In

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသတင်းများ

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့၊ အနောက်ရပ်ကွက်၊ မွေတော်ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်သည့် သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့်မီးခိုးမြူငွေ့လျော့ချရေး ဆိုင်ရာအသိပညာပေးဟောပြောပွဲအခမ်းအနားသို့ တက်ရောက်

၂၁-၁၁-၂၀၂၅

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့၊ အနောက်ရပ်ကွက်၊ မွေတော်ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်သည့် သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့်မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနား သို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား ၁၃၉ ဦးခန့်တက်ရောက်ခဲ့ ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ကျိုက်စကိုင်းကျေးရွာ၌ မိုးစပါး အောင်နိုင်တိုး စပါးမျိုးအထွက်နှုန်း စိစစ်ရိတ်သိမ်းခြင်း၊ နေကြာသီးနှံအောင်မြင်စွာ စိုက်ပျိုးနိုင်ရေးနှင့် နွေစပါးတွင် Drum Seeder ဖြင့် ကွက်ပြည့်စိုက်ပျိုးနိုင်ရေးကွင်

၂၀-၁၁-၂၀၂၅

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီး ခရိုင်၊ တိုက်ကြီးမြို့နယ်၊ ကျိုက်စကိုင်းကျေးရွာ၊ တောင်သူ ဦးစိုးဝင်းမောင်၏ ကွင်းအမှတ် ၇၇၈၊ ဧရိယာ ၁၂ ဧကတွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးအောင်နိုင်တိုးစပါးမျိုးအထွက်နှုန်း စိစစ် ရိတ်သိမ်းခြင်း၊ နေကြာသီးနှံအောင်မြင်စွာစိုက်ပျိုးနိုင်ရေးနှင့် နွေစပါးတွင် Drum Seeder ဖြင့် ကွက်ပြည့်စိုက်ပျိုးနိုင်ရေး ကွင်းဆွေးနွေးပွဲသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးသူအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ တောင်သူများ၊ စုစုပေါင်းအင်အား ၆၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ လိပ်အင်းရပ်ကွက်၊ အ.ထ.က(၁)ကျောင်း၊ မိုးလုံလေလုံ အားကစားခန်းမ၌ မြို့နယ်အဆင့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) မဲပေးစက်ဆိုင်ရာ နည်းပညာအထောက်အကူပြုသင်တန်း (Installation) သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

၂၀-၁၁-၂၀၂၅

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ လိပ်အင်းရပ်ကွက်၊ အ.ထ.က(၁)ကျောင်း၊ မိုးလုံလေလုံအားကစားခန်းမ၌ မြို့နယ်အဆင့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)မဲပေးစက်ဆိုင်ရာ နည်းပညာအထောက်အကူပြုသင်တန်း (Installation)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးစိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နည်းပြများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့၊ အ.ထ.က(၆)တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

၂၀-၁၁-၂၀၂၅

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့၊ အ.ထ.က(၆)တွင် ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကြည်ဝင်း ၊ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးနေဝင်းအောင်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်) ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် တက္ကသိုလ်ကျောင်းသား / ကျောင်းသူများမှ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးနေမှုအား ကြီးကြပ်ဆောင်ရွက်

၁၉-၁၁-၂၀၂၅

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးများတွင် တက္ကသိုလ် ကျောင်းသား/ ကျောင်းသူများမှ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲ ပေးနေမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင် ဦးဆောင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ပါတီကိုယ်စားလှယ်များနှင့်အတူ သွားရောက်ကြည့်ရှု၍ ဥပဒေလုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ကြိုတင်ဆန္ဒမဲပေးနေမှုအား ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့၊ မြို့မ(၃)ရပ်ကွက်၊ အ.ထ.က(၃)ကျောင်း၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ တက်ရောက်

၁၉-၁၁-၂၀၂၅

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက် နံနက် ၉ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့၊ မြို့မ(၃)ရပ်ကွက်၊ အ.ထ.က(၃)ကျောင်း၌ ပြည်နယ်အစိုးရအဖွဲ့၏စီစဉ်ဆောင်ရွက်မှုဖြင့် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော စာကြည့်တိုက် များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းထွေး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား / ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မောက်မယ်မြို့၊ ဈေးတန်းရပ်ကွက်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် တက္ကသိုလ်ကျောင်းသား/ ကျောင်းသူများမှ ကြိုတင်ဆန္ဒမဲပေးနေမှုအား ကွင်းဆင်း စစ်ဆေး

၁၉-၁၁-၂၀၂၅

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မောက်မယ်မြို့၊ ဈေးတန်းရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် တက္ကသိုလ်/ ဒီဂရီ/ကောလိပ်ကျောင်းသား/ ကျောင်းသူများမှ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးမှုအခြေအနေ အား ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်အေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

၁၉-၁၁-၂၀၂၅

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ်ကပ်ထားကြေညာမည့် မဲဆန္ဒရှင်စာရင်း များ ပြည့်စုံမှန်ကန်စေရေးနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ တပ်ရင်း/တပ်ဖွဲ့မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မယ်လမု စေတီ၃ထပ်ဆောင်သာသနာ့ဗိမာန်တွင် မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်လုပ်ငန်းလမ်းညွှန်သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

၁၈-၁၁-၂၀၂၅

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက် နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ သုဓမ္မာလမ်း၊ မယ်လမုဆုတောင်းပြည့်ဘုရားဝန်း အတွင်းရှိ မယ်လမုစေတီ၃ထပ်ဆောင်သာသနာ့ဗိမာန်တွင် မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်လုပ်ငန်း လမ်းညွှန်သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမိုးသူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။


Prev 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 Next

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)

  • ရုံးအမှတ်(၁၀)၊
  • ဇေယျဌာနီလမ်း၊ နေပြည်တော်
  • ဖုန်း-067 3 412793
  • Total visitors - 84351

ဌာနအကြောင်း

  • ဌာနသမိုင်းကြောင်း
  • လုပ်ငန်းတာဝန်များ
  • အသုံးချဥပဒေများ

ဝန်ဆောင်မှုကဏ္ဍ

  • မြေယာစီမံခန့်ခွဲရေး
  • ယစ်မျိုးစီမံခန့်ခွဲရေး
  • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
  • ဒေသဆိုင်ရာအချက်အလက်

မီဒီယာ

  • သတင်းများ
  • ထုတ်ပြန်ကြေညာချက်များ
  • ပြည်ထဲရေးသတင်းလွှာ
  • ဝန်ကြီးဌာန Website များ
Copyright © 2022 GENERAL ADMINISTRATION DEPARTMENT, MYANMAR