အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(Home)
  • ဌာနအကြောင်း
    • ဌာနသမိုင်းကြောင်း
    • လုပ်ငန်းတာဝန်များ
    • အသုံးချဥပဒေများ
  • ဝန်ဆောင်မှုကဏ္ဍ
    • မြေယာစီမံခန့်ခွဲရေး
    • ယစ်မျိုးစီမံခန့်ခွဲရေး
    • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
    • ဒေသဆိုင်ရာအချက်အလက်
    • AML/CFT
  • သတင်းမီဒီယာ
    • သတင်းများ
    • ထုတ်ပြန်ကြေညာချက်များ
    • ပြည်ထဲရေးသတင်းလွှာ
    • ဝန်ကြီးဌာန Website များ
  • ဆက်သွယ်ရန်
  • Admin
    • Log In

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသတင်းများ

ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ နောင်ပစ်ကျေးရွာအုပ်စု၊ ပုံဆွေပင် - တခေါ့မှူးလမ်းအား အဆင့်မြင့်ကတ္တရာလမ်းခင်းခြင်းဆောင်ရွက်နေမှုအား ကွင်းဆင်း စစ်ဆေး

၂၆-၉-၂၀၂၅

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက် နေ့လယ် ၁ နာရီတွင် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ နောင်ပစ်ကျေးရွာအုပ်စု၊ ပုံဆွေပင်- တခေါ့မှူးလမ်းပိုင်း အဆင့်မြင့်ကတ္တရာလမ်းခင်းခြင်းဆောင်ရွက်နေမှုအား ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်အောင် နှင့်အဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ မြို့အုပ်ချုပ်ရေးမှူးတို့နှင့်အတူ လိုက်ပါ၍ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

၂၆-၉-၂၀၂၅

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက် မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်တွင် ရှမ်းပြည်နယ်၊ လင်းခေး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးတို့က ဦးဆောင်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဆွေးနွေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ အရှေ့ကျေးရွာအုပ်စုတွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်သော မိုးစပါးမျိုးယှဉ်ပြိုင်(MODEL FARM) စံပြစိုက်ခင်းအောင်မြင် ဖြစ်ထွန်းနေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

၂၅-၉-၂၀၂၅

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက် နေ့လယ် ၁ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ လင်းခေး ခရိုင်၊ မိုင်းပန်မြို့နယ်၊ အရှေ့ကျေးရွာအုပ်စုတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက် သော မိုးစပါးမျိုးယှဉ်ပြိုင်(MODEL FARM) စံပြစိုက်ခင်းအောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး ဦးဆောင်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ နှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်းရှိ နမ့်စန်- မိုးနဲ- မိုင်းတုံ- မိုင်းဆတ်လမ်း ကတ္တရာလမ်းတိုးချဲ့ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

၂၅-၉-၂၀၂၅

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက် မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်တွင် ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်းရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် လမ်းအထူးအဖွဲ့ (၅)မှ တာဝန်ယူဆောင်ရွက်သော မြို့နယ်အတွင်းရှိ နမ့်စန်- မိုးနဲ- မိုင်းတုံ- မိုင်းဆတ်လမ်း၊ ၁၂၄.၄၅ - ၁၂၅ ကီလိုမီတာအတွင်း မူလ(၃.၇မီတာ)မှ (၅.၅မီတာ)အကျယ်ရရှိရန် ကတ္တရာလမ်းတိုးချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ခရိုင်တည်ဆောက်ရေးလုပ်ငန်းများကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ခံအင်ဂျင်နီယာများနှင့်အတူ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ ၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

၂၅-၉-၂၀၂၅

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက် ညနေ ၄ နာရီတွင် ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသက်(၁၈)နှစ်နှင့်အထက်ရှိသည့် အတည်ပြု လူဦးရေစာရင်းများမှန်ကန်မှုရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် ဦးဆောင်၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဆွေးနွေး၍ လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ နမ့်စန် - မိုးနဲ- မိုင်းတုံပြည်ထောင်စုလမ်းမကြီးအနီး တောင်ပေါ်၌ View Point တည်ဆောက်မည့်နေရာအား ကွင်းဆင်းစစ်ဆေး

၂၅-၉-၂၀၂၅

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက် နေ့လယ် ၂ နာရီတွင် ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ နမ့်စန်- မိုးနဲ- မိုင်းတုံပြည်ထောင်စုလမ်း၊ မိုင်းပန်မြို့အသွား (ကီလိုမီတာ ၉၁နှင့် ၉၁.၁)ကြား တောင်ပေါ်၌ ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် မိုင်းရူးတော်ဝင်ကုမ္ပဏီလီမိတက်မှ တာဝန်ယူဆောင်ရွက်မည့် View Point တည်ဆောက်မည့်နေရာအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် ဦးဆောင်၍ မြို့နယ်မြေစာရင်း ဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်မှုဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ဌာနတာဝန်ရှိသူများနှင့်အတူ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်း၌ ဓာတ်အားလိုင်းများတိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

၂၅-၉-၂၀၂၅

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက် နံနက် ၁၀ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပဒါန်းကျေးရွာနှင့် မြို့ရပ်ကွက်တို့တွင် 11KV၊ AWOC 200KVA ထရန်စဖော်မာ ၁ လုံးစီအား တိုးချဲ့တည်ဆောက်ခြင်း၊ 66 KV မန်းစက်ရုံ ကပစ- ၁၄ လိုင်းမှ 66KV Double Circuit Line ၀.၃၈ မိုင် တည်ဆောက်ခြင်း၊ ဆင်ချီတိုင်ကျေးရွာ 11KV၊ ACSR ဓာတ်အားလိုင်း ၄.၁၅ မိုင် တည်ဆောက်ခြင်း လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင် ဦးဆောင်၍ ခရိုင်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဝင်များနှင့်အတူ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)အခမ်းအနား ကျင်းပပြုလုပ်

၂၄-၉-၂၀၂၅

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက် နေ့လယ် ၂ နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ဝန်ထမ်းဆန္ဒ ဖော်ထုတ်ပွဲ(ဒါဘာ)အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲသို့ ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင်၊ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများ၊ ဝန်ထမ်းများ စုစုပေါင်းအင်အား ၂၂၂ ဦး တက်ရောက်ခဲ့ပြီး လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဝန်ထမ်းသက်သာ ချောင်ချိရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ အစည်းအဝေးခန်းမ၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

၂၄-၉-၂၀၂၅

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက် နေ့လယ် ၃ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန် ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲကာလတွင် မဲရုံများ၏ လုံခြုံရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အတူ တက်ရောက် ဆွေးနွေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


Prev 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 Next

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)

  • ရုံးအမှတ်(၁၀)၊
  • ဇေယျဌာနီလမ်း၊ နေပြည်တော်
  • ဖုန်း-067 3 412793
  • Total visitors - 72192

ဌာနအကြောင်း

  • ဌာနသမိုင်းကြောင်း
  • လုပ်ငန်းတာဝန်များ
  • အသုံးချဥပဒေများ

ဝန်ဆောင်မှုကဏ္ဍ

  • မြေယာစီမံခန့်ခွဲရေး
  • ယစ်မျိုးစီမံခန့်ခွဲရေး
  • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
  • ဒေသဆိုင်ရာအချက်အလက်

မီဒီယာ

  • သတင်းများ
  • ထုတ်ပြန်ကြေညာချက်များ
  • ပြည်ထဲရေးသတင်းလွှာ
  • ဝန်ကြီးဌာန Website များ
Copyright © 2022 GENERAL ADMINISTRATION DEPARTMENT, MYANMAR